spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲနှင့်တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းလက်ရွေးစင်များရွေးချယ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲနှင့်တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းလက်ရွေးစင်များရွေးချယ်ပွဲ ကျင်းပ

မန္တလေး ဇန်နဝါရီ ၆

၂၀၁၉-၂၀၂ဝ ပြည့်နှစ် မြို့နယ်ပေါင်းစုံ မြန်မာ့ သိုင်းပြိုင်ပွဲနှင့် တိုင်းဒေသကြီး လက်ရွေးစင် ရွေးချယ်ပွဲကို ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ မန္တလေးတိုင်းဒေသ ကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မြို့နယ်ပေါင်းစုံမှ မြန်မာ့သိုင်း အားကစား မောင်မယ် ၁၁၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင် ဆွေ၊ ဒုတိယဥက္ကဋ္ဌ ရဲမှူးဇော်ဝင်းနိုင်၊ အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်အားပေးကြသည်။

ပြိုင်ပွဲအပြီး ၄၀ -၄၅ ကီလိုတန်း အမျိုးသမီး ပြိုင်ပွဲတွင် မဖြိုးအိလှိုင်က ပထမ ၊ မခိုင်ဇင်ဝင်းက ဒုတိယ၊ အမျိုးသား ဓားတစ်လက်ပြိုင်ပွဲတွင် သူရိန်က ပထမ၊ ထွန်းထွန်းဝင်းက ဒုတိယ၊ အမျိုးသားဗန်တိုပြိုင်ပွဲ ၅၇ - ၆၁ ကီလိုတန်းတွင် ပထမ အောင်ခန့်ဇော်၊ ဒုတိယ နိုင်ဇော်ထက် အောင်နှင့် တတိယဆုကို မင်းခန့်တို့နှင့် ကျန် ပြိုင်ပွဲအတန်းများမှ ဆုရအားကစားမောင်မယ် များကို တိုင်းဒေသကြီး အား/ကာဒုတိယညွှန်ကြား ရေးမှူး၊ မြန်မာ့သိုင်းဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AF