spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဖျာပုံမြို့၌ ကျင်းပသည့် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲပြိုင်ပွဲဝင် ၁၁၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

ဖျာပုံမြို့၌ ကျင်းပသည့် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲပြိုင်ပွဲဝင် ၁၁၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

ဖျာပုံ ဇန်နဝါရီ ၅

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Pyapon Cycling Group က ကြီးမှူးကျင်းပသည့် မြန်မာတစ်နိုင်ငံလုံး ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့ ၌ ကျင်းပရာ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင် ၁၁၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကို အသက် (၁၈) နှစ်မှ (၃၅) နှစ်အထိ၊ အသက် (၃၅) နှစ် အထက်နှင့် အလွတ်တန်းဟူ၍ အတန်း သုံးတန်း ခွဲခြားကျင်းပ ပေးခဲ့ပြီး ပြိုင်ပွဲဝင်များသည် ဖျာပုံ- ဘိုကလေး ကားလမ်းမမှ ဘန်ဘွေးစု ကျွန်းပတ်တာ (လမ်းကြမ်း) တစ်ပတ်၊ ထိုမှတစ်ဆင့် ကိုးအိမ်တန်းကျေးရွာ၊ မမိုးကျေးရွာ၊ ဖျာပုံတမံကျေးရွာ၊
ကျုံကူတူးမြောင်းကျေးရွာများသို့ ဖြတ် သန်း၍ ဖျာပုံမြို့အထိ ခရီးရှည် မိုင် ပေါင်း ၃၀ ခရီးကို စီးနင်းယှဉ်ပြိုင်ခဲ့ ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ဖျာပုံမြို့၊ ပထမလမ်း၊ စည်ပင်သာယာရုံးရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဇေယျာမင်းသိန်း၊ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးမြင့် ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်း စိုး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဦး၊ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးလင်း၊ Pypapon Cycling Group ဥက္ကဋ္ဌ ကိုအောင်ကြီးနှင့် တာဝန်ရှိသူများက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတန်း ၌ ဆုရရှိသူ ၁၀ ဦး၊ အသက် ၃၅ နှစ် အထက် အတန်း၌ ဆုရရှိသူ ၁၀ ဦး၊ အလွတ်တန်း၌ ဆုရရှိသူ ၁၀ ဦး၊ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဆု၊ အသက် ၇၀ နှစ်အထက် ပြိုင်ပွဲ ဝင်ဆုရရှိသူ တစ်ဦး၊ အထူးဂုဏ်ပြုဆု ရရှိသူ တစ်ဦးတို့အား ဆုများ ဂုဏ်ပြု ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆု ဆုငွေ ကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းငါးသောင်း၊ တတိယဆု ကျပ် တစ်သိန်း ချီးမြှင့်ခဲ့ပြီး အသက် ၃၅ အထက်ပြိုင်ပွဲ၌ ပထမဆုရရှိသူ ကို Midea ကုမ္ပဏီမှ အဝတ်လျှော် စက်တစ်လုံး၊ အတန်းတိုင်း၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဖျာပုံမြို့ရှိ ကိုဝီချိုင်း(ဂျိုးကြာလျှပ်စစ်)မိသားစုမှ EVD စက်တစ်လုံးစီး ထပ် ဆောင်းချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

သူဇာနွယ် (ဖျာပုံ)

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%96%E1%80%BB%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9D%E1%80%84%E1%80%BA-%E1%81%81%E1%81%81%E1%81%80-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA