spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ

မုံရွာ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ည (၇)နာရီက မုံရွာမြို့ဂေါက်ကွင်းတွင်ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ရှေးဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ မော်လိုက်၊ ကလေး၊ ကသာ၊ တမူး၊ ရွှေဘို၊ ကောလင်း၊ ဟုမ္မလင်း စသည့် ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပါဝင်သော ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အသင်း (၂၀)တို့မှ အားကစားသမားများအား နှုတ်ဆက်အားပေးပြီး ဂုဏ်ပြုညစာစားပွဲကိုကျင်းပရာ နိုင်ငံကျော်အဆိုတော်နှင့် အခြားအဆိုတော်များ၏ ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ နှစ်ရက်တိတိ ယှဉ်ပြိုင်ကာ ဆုရရှိသူအသင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7