ရန်ကုန်၊ ဇန်နဝါရီ(၆)ရက်။
အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာညီလာခံ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒသေကြီး ၊ တာမွမြေို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမလြေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း နှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားဆေးဘက်ဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဥက္ကဌဒေါ်ခင်လေး၊ ဒုတိယဥက္ကဌဒေါ်ရီရီဝင်းနှင့် အတွင်းရေးမှူးများ တက်ရောက် ကြသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနမှတာဝန်ရှိသူများအားလုံးနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ Sports Science နှင့် Sports Medicine ပညာရပ်သည် အားကစားတွင်အရေးကြီးပါကြောင်း၊ ဒီပညာရပ်ကို တိုးတက်မြင့်မားလာဖို့နဲ့ လေ့လာဖို့ အများကြီးလိုအပ်ပါကြောင်း။ အထူးသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှာဘဲ လေ့လာနေတာ မဟုတ်ဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာလည်း ဒီကိစ္စတွေနဲ့Sports Science နှင့် Sports Medicine ပညာရပ်ကို ဖတ်နိုင်သလောက် လေ့လာနိုင်ဖို့ သင်တန်းတွေ လိုအပ်ပါကြောင်း။ ဒီမှာပါဝင်တဲ့ပုဂ္ဂိုလ်တွကေ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့ရာ နိုင်ငံတကာမှာ ဆောင်ရွက်ခဲ့တဲ့ သင်တန်းတွေ၊ Seminar တွေမှာ အများကြီး တွေ့ရှိခဲ့တာကြောင့် အာရှ Sports Medicine ကော်မတီဥက္ကဌနှင့် အာဆီယံ Sports Medicine ကော်မတီဥက္ကဌတို့ အများကြီးပါဝင်ပြီး စင်ကာပူမှာ သွားသင်ခဲ့တဲ့ ကိစ္စတွေ၊ EIM နဲ့ ပတ်သက်ကိစ္စတွေ ဒီအဖွဲ့တွေ အားလုံးက ဝိုင်းဝန်း ကူညီကြရာ ကျွန်မတို့ဆီမှာ ဒီပညာရပ်ဟာ သုညနီးနီးဖြစ်၍ ယခု သုညမှ စတက်မှာဖြစ်တဲ့အတွက် အာဆီယံနိုင်ငံတွေ အာရှနိုင်ငံတွေမှ ဝိုင်းဝန်း ကူညီကြပါ။ ဒီနိုင်ငံက ကလေးတွကိုလည်း ပညာတော်သင်၊ Scholarship ဆိုပြီး တောင်းဆိုထားပါကြောင်း။ အခုလာမည့်အဖွဲ့တွေ ဒီပညာရပ်တွေမှာ အထူးဘွဲ့ရထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် ကျွန်မတို့နိုင်ငံမှာ မရှိသေးပါကြောင်း၊ ဒီပညာရပ်ကို နည်းပြတွေကလည်း နားမလည်ဘူး မသိဘူးဆိုရင် ဘာမှလုပ်လို့မရပါဘူး၊ ဒါဟာမီးမောင်း ထိုးပြသမှာ ဖြစ်တဲ့အတွက် အလွန်အရေးကြီးကြောင်း၊ ဌာနနှင့် အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ပေါင်းလုပ်တဲ့ EIM (Exercise is Medicine) ဟာဆိုရင် တစ်ပြည်လုံးကို ပျံ့နှံ့နေပြီး အားလုံး ဝိုင်းဝန်းပံ့ပိုး ကူညီတဲ့အတွက် ဒီ Seminar ကြီးသည် အများကြီးအောင်မြင်မည် ဖြစ်ပါကြောင်းပြော ကြားသွားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း နှင့် ဦးကျော်ဦး တို့မှ ကြိုဆိုပြန်လည်နေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးဆပ်ကော်မတီကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား Power Pointဖြင့် ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တက်ရောက်လာကသြည့် တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီးဝိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်များကို တင်ပြကြရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်မှ ပြန်လည်ဆွေးနွေးခဲ့ပြီး အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်ဟု သိရှိရသည်။