spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉-၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲစတင်ကျင်းပ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ကြည့်ရှု အားပေး

၂၀၁၉-၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲစတင်ကျင်းပ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ကြည့်ရှု အားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၇)ရက်။    

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ခုနှစ် တိုင်းဒသေကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက် (၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ ပြိုင်ပွဲများအဖစြ် အမျိုးသမီးမီတာ (၅၀၀)၊ အမျိုးသားမီတာ (၁၀၀၀)၊ အမျိုးသမီး (၉)ကီလိုမီတာ၊ အမျိုးသား (၁၅)ကီလိုမီတာ ပြိုင်ပွဲများယှဉ်ပြိုင်ကစားကြ သည်။ အမျိုးသမီးမီတာ (၅၀၀)စက်ဘီးပြိုင်ပွဲတွင် ပထမ စိုးစန္ဒာဝင်း (တင်္နသာရီ) စံချိန် (၄၃.၈၅) စက္ကန့် ၊ ဒုတိယ လှလှနွယ် (ပဲခူး) စံချိန် (၄၅.၀၉) စက္ကန့် ၊ တတိယ သင်းကလျာစိုး (မန္တလေး) စံချိန် (၄၅.၂၅) စက္ကန့် ၊ အမျိုးသားမီတာ (၁၀၀၀) စက်ဘီး ပြိုင်ပွဲတွင် ပထမ ကောင်းစည်သူ (ပဲခူး) စံချိန် (၁:၀၈.၇၈)မိနစ်၊ ဒုတိယ ညီညီအောင် (ရန်ကုန်) စံချိန် (၁:၀၉.၄၅) မိနစ်၊ တတိယ သူရကျော် (မကွေး) စံချိန် (၁:၀၉.၆၅) မိနစ်ဖြင့်လည်းကောင်း၊ အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက် စက်ဘီးပြိုင်ပွဲတွင် ပထမ မကွေးတိုင်းဒသေကြီးအသင်း စံချိန် (၁၃:၃၀.၈၈) မိနစ်၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း စံချိန် (၁၄:၃၀.၈၃) မိနစ်၊ တတိယ တနင်္သာရီတိုင်းဒေသကြီးအသင်း စံချိန် (၁၅:၁၆.၅၁) မိနစ်ဖြင့်လည်းကောင်း၊ အမျိုးသား (၁၅)ကီလိုမီတာအသင်းလိုက် စက်ဘီးပြိုင်ပွဲတွင် ပထမ မကွေးတိုင်းဒေသကြီးအသင်း စံချိန် (၁၉:၀၉.၄၀)မိနစ်၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီးအသင်း စံချိန် (၁၉ါ်၁၆.၃၅)မိနစ်၊ တတိယ မန္တလေးတိုင်းဒသေကြီး အသင်း စံချိန် (၁၉:၁၉.၉၃)မိနစ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။ 

၈.၁.၂၀၂၀နေ့တွင် အမျိုးသမီးမီတာ (၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားမီတာ (၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး (၉)ကီလိုမီတာနောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသား (၁၅)ကီလိုမီတာနောက်ကျန်ထွက်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင် စီးနင်းကြမည်ဖြစ်သည်။
၂၀၁၉-၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲကို (၇.၁.၂၀၂၀) ရက်နေ့မှ (၉.၁.၂၀၂၀)ထိ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း (၁၁)သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း (၁၁)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း (၇)သင်း၊ အားကစားသမားအမျိုးသား (၅၉)ဦး၊ အမျိုးသမီး (၂၈)ဦး စုစုပေါင်း အားကစား သမားဦးရေ (၈၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် နေ့စဉ် နံနက် (၇)နာရီအချိန်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် (အခမဲ့) လာရောက်ကြည့်ရှု အားပေးနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7