spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ ခုနှစ် တိုင်းဒသေကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၀ ခုနှစ် တိုင်းဒသေကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ(၈)ရက်။    

၂၀၂၀ ခုနှစ် တိုင်းဒသေကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက် (၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းထွန်းလတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးသမီးမီတာ (၃၀၀၀)တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ (၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး (၉)ကီလိုမီတာ နောက်ကျန် ထွက်ပြိုင်ပွဲ၊ အမျိုးသား (၁၅)ကီလိုမီတာနောက်ကျန်ထွက်ပြိုင်ပွဲ ပြိုင်ပွဲများကျင်းပခဲ့သည်။ အမျိုးသမီး မီတာ (၃၀၀၀)တစ်ဦးချင်းစက်ဘီးပြိုင်ပွဲတွင် ပထမ ခင်နှင်းဝေ (မကွေး) စံချိန် (၄:၂၁.၄၅) မိနစ်၊ ဒုတိယ သင်းကလျာစိုး (မန္တလေး) စံချိန် (၄:၃၆.၇၀) မိနစ် ၊ တတိယ စိုးစန္ဒာဝင်း (တင်္နသာရီ) စံချိန် (၄:၃၉.၈၀) မိနစ် ၊ အမျိုးသားမီတာ (၃၀၀၀) တစ်ဦးချင်းစက်ဘီး ပြိုင်ပွဲတွင် ပထမ ရှိုင်းထက်အောင်(မန္တလေး) စံချိန် (၃:၃၉.၂၉)မိနစ်၊ ဒုတိယ ညီညီအောင် (ရန်ကုန်) စံချိန် (၃:၄၅.၃၈) မိနစ်၊ တတိယ သူရနိုင် (မကွေး) စံချိန် (၃:၄၅.၇၁) မိနစ်ဖြင့်လည်းကောင်း၊ အမျိုးသမီး (၉)ကီလိုမီတာနောက်ကျန်ထွက် စက်ဘီးပြိုင်ပွဲတွင် ပထမ ခင်နှင်းဝေ (မကွေး)၊ ဒုတိယ ရွှဇေင်ပုလဲ(မကွေး)၊ တတိယ စိုးစန္ဒာဝင်း(တင်္နသာရီ)၊ အမျိုးသား(၁၅)ကီလိုမီတာ နောက်ကျန်ထွက်စက်ဘီးပြိုင်ပွဲတွင်ပထမ ကောင်းစည်သူ (ပဲခူး) ဒုတိယ ရန်နိုင်ထက်(တင်္နသာရီ)၊ တတိယ ဆန်းသိန်းထက် (တင်္နသာရီ)တို့မှ အသီးသီး အနိုင်ရရှိသွားသည်။    

၉.၁.၂၀၂၀နေ့တွင် အမျိုးသမီး (၅၀)ကီလိုမီတာ တာဝေးစက်ဘီးစီးပြိုင်ပွဲ၊ အမျိုးသား (၁၀၀)ကီလိုမီတာ တာဝေးစက်ဘီးပြိုင်ပွဲများကို နံနက် (၆)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ယှဉ်ပြိုင်စီးနင်းကြမည်ဖြစ်ပြီး စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် (အခမဲ့) လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%9E%E1%80%B1%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95