ရန်ကုန်၊ ဇန်နဝါရီလ(၁၂)ရက်။
စက်ဘီးစီးခရီးစဉ်အတွက်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လည်(၁၂)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်လတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးကျော်မင်းသန်း တို့တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်လတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးကျော်မင်းသန်းတို့က ဆွေးနွေး ပြောကြားရာတွင် အဆိုပါစက်ဘီးစီးခရီးစဉ်ကို ကြိုတင်သိရှိနိုင်ပါရန်နှင့် လမ်းခရီးတွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရှေးပြေးမော်တော်ယာဉ် - မော်တော်ဆိုင်ကယ် စီစဉ်မှုများအပါအဝင် အခြားသော လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ပါရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အီတလီနိုင်ငံ Veneto ဒေသ Porto Viro မှ ခရီးသည် (၄)ဦးပါ စက်ဘီးအဖွဲ့သည် ၂၀၂၀ခုနှစ် ဇန်နဝါရီ (၁၄)ရက်နေ့ မှစတင်၍ (၂၁)ရက်နေ့အထိ မန္တလေး၊ အမရပူရ၊ မြင်းခြံ၊ ပုဂံခရီးစဉ်ကိုလည်းကောင်း၊ ဇန်နဝါရီ(၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ အင်းလေး၊ ပင်းတယ၊ ကလော၊ အောင်ပန်း၊ ရမည်းသင်း၊ နေပြည်တော် ခရီးစဉ်ကိုလည်းကောင်း၊ စက်ဘီးများစီး၍ လည်ပတ်ပြီး ဖေဖော်ဝါရီ(၅)ရက်နေ့တွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာ သွားမည်ဖြစ်ကြောင်းသိရှိရသည်။