spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်ကျင်းပ

၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ(၁၃)ရက်။          

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသော ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲကို ယနေ့နေ့လည် (၃)နာရီခွဲအချိန်၌ ဝဏ္ဏသိဒိ္ဓအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၁၀၀)(ကျား-၁၀မျိုးစုံ)၊ တုတ်ထောက်ခုန်(ကျား)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း(ကျား/မ)၊ အလျားခုန် (ကျား-၁၀မျိုးစုံ)၊ အလျားခုန်(မ)၊ သံလုံးပစ်(ကျား-၁၀မျိုးစုံ)၊ မီတာ ၃၀၀၀ တားစည်းကျော်(ကျား/မ)၊ တန်းမြင့်ခုန်(ကျား-၁၀မျိုးစုံ)၊ လှံတံပစ်(ကျား)၊ မီတာ ၁၀၀၀၀ (မ)၊ မီတာ ၄၀၀ (ကျား-၁၀မျိုးစုံ)၊ မီတာ ၄၀၀ (ကျား/မ)ပြိုင်ပွဲများပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲအပြီး ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသမီး မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယ စစ်ကိုင်းတိုင်း ဒေသကြီး၊ တတိယ ကယားပြည်နယ်တိုင်းဒေသကြီးမှ လည်းကောင်း၊ အမျိုးသားမီတာ ၁၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယ ပဲခူးတိုင်းဒေသကြီးအသင်းတို့အား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပထမ ချစ်သွေးညီ (စစ်ကိုင်း)၊ ဒုတိယ အောင်ကျော်မင်း (ဧရာဝတီ)၊ တတိယ ဆန်းမင်းအောင် (ပဲခူး)မှလည်းကောင်း၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ပထမ နှင်းထက်ထက်လှိုင် (တနင်္သာရီ)၊ ဒုတိယ ဖရန်စစ္စတာ (တနင်္သာရီ)၊ တတိယ သက်သက်မွန် (မကွေး)၊ အမျိုးသားမီတာ ၃၀၀၀ တားဆီးကျော်ပြိုင်ပွဲတွင် ပထမ မင်းသန့်မောင်မောင် (ရှမ်း)၊ ဒုတိယ စဇော်ထက် (စစ်ကိုင်း)၊ တတိယ ဇင်မင်းထွန်း (စစ်ကိုင်း)၊ အမျိုးသမီး မီတာ ၃၀၀၀ တာဆီးကျော် ပြိုင်ပွဲတွင် ပထမ သီတာဦး (မန္တလေး)၊ ဒုတိယ အေးအေးမြို့ (မန္တလေး)၊ တတိယ မိုးမိုးလှိုင် (ဧရာဝတီ)တို့မှလည်းကောင်း၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ မီတာ ၁၀၀၀၀ (မ)၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲ (ကျား/မ)ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အမျိုးသမီးမီတာ (၃၀၀၀) တာဆီးကျော်ပြိုင်ပွဲတွင် ၂၀၁၂ခုနှစ် ရန်ကုန်တိုင်း  ဒေသကြီးမှ ကြည်ပြာထွေးတင်ထားသော စံချိန် (၁၂:၁၅.၄၀)မိနစ်အား သီတာဦး မန္တလေးတိုင်း ဒေသကြီး စံချိန် (၁၁:၄၂.၂၅)မိနစ်၊ အေးအေးမြို့ မန္တလေးတိုင်းဒေသကြီး စံချိန် (၁၁:၅၄.၁၈)မိနစ်ဖြင့်  အသီးသီးစံချိန်သစ်ရရှိခဲ့ပါသည်။

အဆိုပါ ၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း (၁၅)သင်း၊ အမျိုးသားကစားသမားဦးရေ (၂၁၇)ဦး၊ အမျိုးသမီးကစားသမားဦးရေ (၁၅၄)ဦး စုစုပေါင်း ကစားသမားဦးရေ (၃၇၁)ဦးဖြင့် (၁၃.၁.၂၀၂၀)ရက်နေ့မှ (၁၆.၁.၂၀၂၀)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နေ့စဉ် နေ့လည် (၃)နာရီခွဲအချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ် အားကစားနည်းကို စိတ်ပါဝင်စားသော အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95