spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမာရသွန်ပြိုင်ပွဲ ကျင်းပ

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမာရသွန်ပြိုင်ပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီလ    ၁၃

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမာရသွန်ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြစ်ကြီးနား မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်ရှိ သတ်မှတ်နေရာမှ စတင်လွှတ်ရာ အသက်(၁၅)နှစ်အထက်နှင့် အောက်အသက်(၁၂)နှစ် အထက်နှင့်အောက် ကျား၊ မပြိုင်ပွဲများအလိုက် ပြိုင်ပွဲဝင်(၆၀၀၀)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်လမ်းကြောင်းများအတိုင်း ယှဉ်ပြိုင်ကြကာ စီတာပူ နောကွင်းတွင် ပန်းဝင်ကြသည်။

ထို့နောက် နံနက်(၉)နာရီတွင် မနောကွင်းအတွင်း၌ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဘရန်မွန်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲများတွင် တံခွန်စိုက် ဒုတိယဆုရရှိခဲ့သော ပြည်နယ် အေရိုးဗစ်အသင်းက သရုပ်ပြကစားခဲ့ကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ မီနီမာသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများကို အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%87%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%80%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA-%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95