spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > EIM Myanmar National Technical Committee လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်

EIM Myanmar National Technical Committee လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တက်ရောက်

ရန်ကုန် ၊ ဇန်နဝါရီ (၁၄) ရက်။         

EIM Myanmar National Technical  Committee  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၌ ကျင်းပရာ EIM Myanmar National Technical  Committee  ဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ EIM Myanmar National Technical  Committee  အဖွဲ့ဝင်များ  အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ EIM Myanmar National Technical  Committee  ဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံမှာ EIM ( Exercise Is Medicine )ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  အိန္ဒိယနိုင်ငံတွင် ကျင်းပသော  WHO ညီလာခံတက်ရောက်ခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်(၂) ရပ်ဖြစ်သော လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးကို ဦးတည်လျှက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(Exercise Is Medicine )ကို မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှုပေးခဲ့ပြီးနောက် အမျိုးသားအဆင့်  Healthy Myanmar Seminar ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ နေပြည်တော်၌ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ယခုအခါ Global Center for EIM တွင် တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်မြောက်ရေး အတည်ပြုနိုင်ရန် American College of Sports Medicine(ACSN)မှ  EIM Programme  Officer Mr.Mark Stou Temberg နှင့် ဆွေွးနွေး ဆောင်ရွက်ခဲ့သည့်အတွက်  EIM Myanmar Logo ထွက်ပေါ်လာပြီဖြစ်ပါကြောင်း၊ လာမည့် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  Sport Science and Medicine Seminarတွင် အတည်ပြုကြေငြာ သွားမှာဖြစ်ကြောင်း၊ EIM နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ ပါဝင်ဖွဲ့စည်းပြီး  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ Sports Science and Medicine  Seminar မှ နေ၍ နိုင်ငံနှင့် ပြည်သူများကို မြန်မာ့ အားကစား လောကကျဆင်းရခြင်းမှာ ခေတ်နှင့် အညီ နိုင်ငံတကာနှင့် ယှဉ်၍ အားကစားနှင့် အာဟာရ ၊ အားကစားနှင့် ဆေးပညာ၊ အားကစားသိပ္ပံပညာ၊ အားကစားဥပဒေများ  လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမှောင်းထိုးပြ လိုပါကြောင်း၊   အဆိုပါ Seminar တွင် အာရှ နှင့် အရှေ့တောင်အာရှ  Sport Medicine ကော်မတီမှ ဥက္ကဌများကိုလည်း ဖိတ်ကြားထားပါကြောင်း၊ ပို့ချမည့်သူများမှာ နိုင်ငံတကာတွင် အားကစားနှင့် ပတ်သက်၍ အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်(၁၄)ဦးမှ ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ လည်း Sport Medicine နှင့် ပတ်သက်၍ ဒီပလိုမာနှင့်  ဂုဏ်ထူးတန်းအဆင့်အထိ ဘွဲ့ချီးမြှင့်နိုင်ရေးကို ဆောင်ရွက်ရန် ရည်ရွယ်ထားပါကြောင်း၊ ဆေးရုံတိုင်းတွင်  EIM ဆရာဝန်များ ထွက်ပေါ်လာပြီး အားကစား ဆေးပညာဌာနခွဲများရှိသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထား ပါကြောင်း ၊ မြန်မာနိုင်ငံရှိ အကျဉ်းစခန်းများတွင်လည်း  EIM အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး အကျဉ်းစခန်းပေါင်းစုံ  Fitness Dance ပြိုင်ပွဲများ ပြုလုပ်သွားရန် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ထားပါကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူ EIM Myanmar National Technical  Committee  အတွင်းရေးမှူး  ဒေါက်တာရဲတင့်လွင်က EIM Myanmar National  Center နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ နှင့် အတည်ပြုနိုင်ရေး   (Exercise Is Medicine ) Health Initiatives Strategic  Plan ကို ချပြဆွေးနွေး၍ လည်းကောင်း၊ EIM MOU လက်မှတ်ထိုးနိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊ (EIM Myanmar NationalCenter ) ၏ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊  Projector ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြမှုများကို  EIM Myanmar National Technical  Committee အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က  နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/eim-myanmar-national-technical-committee-%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%84%E1%80%94%E1%80%BA%E1%80%B8%E1%80%8A%E1%80%BE%E1%80%AD%E1%80%94%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8