spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား ပထမအကြိမ် မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်

မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား ပထမအကြိမ် မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်

မကွေး ဇန်နဝါရီ ၁၅

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ် နှင့် ပြည်သူများ ပူးပေါင်း၍ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား ပထမအကြိမ် မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲကို ဖေဖော် ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ မကွေးမြို့ အစိုးရ စက်မှုလက်မှုသိပ္ပံလမ်းရှိ မကွေး FC ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ရာ ပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင် မိုးညိုက ဇန်နဝါရီ ၁၄ ရက်တွင် ကွင်းဆင်း ကြည့်ရှုခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်း ဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့် မကွေးတိုင်းဒေသကြီး မြင်းစီးအသင်း ဥက္ကဋ္ဌတို့က မြင်းပြိုင်ကွင်းလုပ်ငန်းများနှင့် မြင်းပြိုင်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်း လင်းတင်ပြကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြား ခဲ့သည်။

ပထမအကြိမ် မြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည့် မကွေး FC ကွင်းအတွင်း မြင်းပြိုင် ကွင်းနှင့် မြင်းပြေးလမ်းပြင်ဆင်မှုများကို တိုင်း ဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာ နိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ မကွေးတိုင်းဒေသကြီး မြင်းစီး အသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင် များက ဝိုင်းဝန်းကြီးကြပ်၍ ဆောင်ရွက်လျက် ရှိပြီး အဆိုပါပြိုင်ပွဲတွင် ဒုန်းအကြီးတန်း၊ ဒုန်း အလတ်တန်း၊ ဒုန်းအငယ်တန်း၊ အသားကျ စီးပြိုင်ပွဲများနှင့် မြင်းစီးစွမ်းရည် သရုပ်ပြပွဲ၊ အလှပြပွဲ စသည့် ပွဲစဉ်များ ထည့်သွင်းကျင်းပ သွားမည်ဟု သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%95%E1%80%91%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA