spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားသိပ္ပံပညာနှင့် အားကစားဆေးဘက်ပညာဆိုင်ရာညီလာခံ (Sports Medicine Conference) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

အားကစားသိပ္ပံပညာနှင့် အားကစားဆေးဘက်ပညာဆိုင်ရာညီလာခံ (Sports Medicine Conference) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်၊ ဇန်နဝါရီလ(၁၅)ရက်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးပြီး ကျင်းပပြုလုပ်မည့် (Sports Medicine Conference) ညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အဆိုပါ ညီလာခံအား ဇန်နဝါရီလ (၂၂)ရက်နေ့၌ ရန်ကုန်မြို့ (Novoel Hotel)၌ အားကစားဆိုင်ရာသိပ္ပံပညာနှင့်ဆေးပညာရပ်တိုးတက်လာခြင်းဖြင့် မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းမြင့်မားလာစေရန် အားကစားဆိုင်ရာ တားမြစ်ဆေးဝါးသုံးစွဲမှုကင်းစင်သော မြန်မာ့အားကစားလောကအဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရန် စသော ရည်ရွယ်ချက်များဖြင့် ကျင်းပမည်ဖြစ်ပါကြောင်း ၊ အဆိုပါ ညီလာခံသို့ နိုင်ငံတကာမှ အားကစားသိပ္ပံပညာရပ်ဆိုင်ရာနှင့် အားကစားဆေးဘက်ဆိုင်ရာ ပညာရှင်(၁၄)ဦး လာရောက်ဆွေးနွေးဟောပြောမည်ဖြစ်ကြောင်း သို့ဖြစ်ပါ၍ အဆိုပါ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လေယာဉ်ဗီဇာရရှိရေး၊ တည်းခိုနေထိုင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ညီလာခံကျင်းပနေစဉ် ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကိစ္စရပ်များ၊ သတင်းထုတ်ပြန် မှတ်တမ်းပြုစုရေး၊ ပြန်ကြားရေးဆိုင်ရာကိစ္စရပ်များကို ကော်မတီအသီးသီးမှအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။

  

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ညီလာခံကျင်းပနိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျသည့် အသုံးစရိတ်များ ကဏ္ဍအလိုက် စီစဉ်ထားရှိမှုကို ခွင့်ပြုရန်တင်ပြထားရှိမှု အခြေအနေများ ကိုရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေမှ ညီလာခံကျင်းပရေး ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ လာရောက်ဆွေးနွေးပြောကြားမည့် အသိပညာ၊ အတတ်ပညာများ၏ တစ်ဦးချင်းကိုယ်ရေးအချက်အလက်များ၊ တစ်ဦးချင်းဆွေးနွေးမည့် စာတမ်းခေါင်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ ဝန်ကြီးဌာနအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသီးသီးဝိုင်းဝန်းဆွေးနွေးကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ တာဝန်ရှိသူများအား ပြန်လည်ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%98%E1%80%80%E1%80%BA%E1%80%95%E1%80%8A%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-sports-medicine-conference