spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာပစ္စည်းများ ကူညီထောက်ပံ့

မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာပစ္စည်းများ ကူညီထောက်ပံ့

မြိုင် ၁၇ ဇန်နဝါရီ  

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ အားကစားဆိုင်ရာ အသိပညာများရရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် အားကစားဆိုင်ရာပစ္စည်းများ ကူညီထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည် ၂ နာရီက အထက ခွဲ ထနှောင်းဝင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အားကစားပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများကို မြို့နယ်အားကစားမှူး ဦးပြည့်ဖြိုးကျော် အားကစားအသိပညာများ ဟောပြောပေးခဲ့ပြီး အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိ ဆရာ/ဆရာမ များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် အားကစားနည်း လက်တွေ့သရုပ်ပြမှုများကို ဆက်လက်၍ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာအသိပညာများ ဟောပြောခြင်းများ ပြုလုပ်ရခြင်းမှာ အားကစား၏ အဓိပ္ပါယ်၊ အားကစားနည်းပညာ ဗဟုသုတများ သိရှိစေလိုခြင်းဖြစ်ကြောင်း၊ အားကစားသည် သွေးလည်ပတ်အား၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုများကို အထောက်အကူဖြစ်စေကြောင်းနှင့် နိုင်ငံကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

အေတီအာ(IPRD)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%86%E1%80%80%E1%80%BA%E1%80%9E%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%95%E1%80%B1%E1%80%AB%E1%80%BA%E1%80%91%E1%80%BD%E1%80%80%E1%80%BA%E1%80%9C%E1%80%AC%E1%80%85%E1%80%B1%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%81%8A-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8C