spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်း ပသော၊တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်အားကစားသမားများ မိတ်ဆုံညစာစားပွဲ ကျင်းပ

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်း ပသော၊တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်အားကစားသမားများ မိတ်ဆုံညစာစားပွဲ ကျင်းပ

 
နေပြည်တော်၊ဇန်နဝါရီလ(၁၇)ရက်။
 
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်း ပသော၊တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်အားကစားသမားများ မိတ်ဆုံညစာစားပွဲ ကို ယနေ့ည(၆)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Social Zone)၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်ဝင်း၊ဒုတိယဥက္ကဌများ၊ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအုပ်ချုပ်သူများ၊နည်းပြများ၊အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
 
 
 
အစီအစဉ်အရ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌဦးရှိန်ဝင်းမှ အမှာစကား ပြောကြားပြီး၊မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးမှ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြခဲ့ပါသည်။
 
ထို့နောက် မြန်မာ့ပြေးခုန်ပစ်အားကစားလောကတွင်(၅၃)နှစ်ကာလ ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းပြည်နယ်အားကစားကော်မတီ အတွင်းရေးမှူးဦးစံငွေ၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် (၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဒုတိယဆု(ငွေတံဆိပ်)ရရှိခဲ့သည့် လမ်းလျှောက်အားကစားသမား သန်းသန်းစိုး၊(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှအားကစာပြိုင်ပွဲတွင် တတိယဆု(ကြေး တံဆိပ်)နှင့်၂၀၁၉ခုနှစ်တွင် မြန်မာပြည်စံချိန်(၃)ကြိမ်ချိုးခဲ့သည့် ကြိုးတပ်သံလုံးပစ် အားကစားသမား ရဲထက်အောင်၊(၃၀)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် တတိယဆု(ကြေးတံဆပ်)ရရှိခဲ့သည့် လမ်းလျှောက်အားကစားသမား မိုင်းညီညီမိုး တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဌဦးရှိန်ဝင်းမှ ချီးမြှင့်ငွေများပေးအပ်ခဲ့ပါ သည်။
 
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားသမားများ၊ ဝါသနာရှင်များမှ စုပေါင်းသီချင်းများ သီဆိုကာမိတ်ဆုံစားပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BE-%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8-%E1%80%95%E1%80%9E%E1%80%B1%E1%80%AC%E1%81%8A%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA