spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ပညာရည်မြင့်မားရေး အတွက် Physical Fitness Dance နှင့်ကာယလေ့ကျင့်ခန်းများကိုအခြေခံပညာ ကျောင်းများတွင်လေ့ကျင့်သင်ကြားပေး

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ပညာရည်မြင့်မားရေး အတွက် Physical Fitness Dance နှင့်ကာယလေ့ကျင့်ခန်းများကိုအခြေခံပညာ ကျောင်းများတွင်လေ့ကျင့်သင်ကြားပေး

 

တနင်္သာရီ  ၁၈   ဇန်နဝါရီ

ကျောင်းသူ/ကျောင်းသားများအပြင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ပညာရည်မြင့်မားရေး အတွက် Physical Fitness Dance နှင့်ကာယလေ့ကျင့်ခန်းများကို ပညာရေးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်း၍  အခြေခံပညာ ကျောင်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ဇန်နဝါရီလ ၁၇ရက်နေ့ မွန်းလွှဲ ၃နာရီ ကာယအချိန်တွင် အ.ထ.က-တနင်္သာရီကျောင်းမှ သတ္တမတန်းကျောင်းသူ/ကျောင်းသား (၁၇၁)ဉီးအား နည်းစနစ်မှူး ဒေါ်ပပထွန်းက သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။

ရှေးဉီးစွာ နည်းစနစ်မှူးဒေါ်ပပထွန်းက Physical Fitness Dance နှင့် ကာယလေ့ကျင့်ခန်း များကို ကျောင်းသား/ကျောင်းသူများအား သင်ကြားပေးရခြင်းရည်ရွယ်ချက်နှင့် ကိုယ်ကာယလေ့ ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ခြင့်ဖြင့် ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး လေ့ကျင့်ခန်းများ ဆက်လက်သင်ကြားလေ့ကျင့်ပေးရာ ကျောင်းသူ/ကျောင်းသားများက စိတ်ဝင်တစား လိုက်ပါလေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်းနှင့်မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနအနေဖြင့် ပြင်ပမှပြည်သူ လူထုများ၊ သဘာဝဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၁၇)ဉီးကိုလည်း ကာယလေ့ကျင့် ခန်းများကို နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း နည်းစနစ်မှူးဒေါ်ပပထွန်းထံမှ သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%B2%E1%80%B7%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%99%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8-%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-physical-fitness-dance