spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျိုင်းတုံမြို့၌ ဘောလုံးအားကစားအခြေပြု၍ ရပ်ရွာလူငယ်နှင့် လူထုဖွံ့ဖြိုးရေးအစီအစဉ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၌ ဘောလုံးအားကစားအခြေပြု၍ ရပ်ရွာလူငယ်နှင့် လူထုဖွံ့ဖြိုးရေးအစီအစဉ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

 

ကျိုင်းတုံ ဇန်နဝါရီ   ၂၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြီးကြပ်မှုကော်မတီ၊ ကျိုင်းတုံ တက္ကသိုလ် အသင်းခွဲနှင့် Football United တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် ဘောလုံး အားကစားအခြေပြု ရပ်ရွာလူငယ်နှင့် လူထုဖွံ့ဖြိုးရေးအစီအစဉ်အရ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင်  နည်းပြများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကျိုင်းတုံ တက္ကသိုလ် ကျောင်းသားလူငယ်များအား ဂုဏ်ပြုဆုများကို Football United မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေအောင်က ပေးအပ်ချီးမြှင့်ပြီး အမျိုးသား(အကြီးတန်း)၊ အမျိုးသား(အငယ်တန်း)နှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် အကောင်းဆုံးဘောလုံးသမား ဆုများများ၊ အသန့်ရှင်းဆုံးဆု၊ ဒုတိယဆုများ၊ ပထမဆုများနှင့် တံခွန်စိုက်ဒိုင်းဆုဖလား ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်း အားကစားသမားများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးစိုင်းလုံဆု၊ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်စမ်းစမ်းမာ နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဘောလုံးအားကစားအခြေပြု ရပ်ရွာလူငယ်နှင့် လူထုဖွံ့ဖြိုးရေးအစီအစဉ်တွင် ကျိုင်းတုံမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၁၀ ဦးအား  ဘောလုံးအားကစား နည်းဖြင့် လူငယ်များ လမ်းမှားမရောက်စေရန် ကျန်းမာရေး၊ လူမှုရေး၊ မူးယစ်ဆေးဝါးအန္တရာယ်စသည့်  အကြောင်းအရာများ အသိပညာပေး လေ့ကျင့်သင်ကြားပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်နေ့ ထိ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ရှမ်းပြည်နယ် [1])


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%95%E1%80%BC%E1%80%AF%E1%81%8D-%E1%80%9B%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%96%E1%80%BD%E1%80%B6%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%85%E1%80%AE%E1%80%A1%E1%80%85%E1%80%89%E1%80%BA-%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8

Links
[1] https://www.moi.gov.mm/iprd/?q=place/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA