spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တို့ တက်ရောက်

အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တို့ တက်ရောက်

  

ရန်ကုန်၊ ဇန်နဝါရီလ(၂၂)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့  Novotel Hotel  ၌ ကျင်းပပြုလုပ်ရာ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌဦးလင်းနိုင်မြင့် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ဆေးပညာကို စိတ်ပါဝင်စား၍ လာရောက်လေ့လာသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ညီလာခံအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် စတင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အခမ်းအနားသို့ Video ရုပ်သံဖြင့် မိန့်ခွန်းပြောကြားရာတွင် ညီလာခံကြီးဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်ကြသော တာဝန်ရှိသူများ ၊ ပံ့ပိုးကူညီ လှူဒါန်းကြသော အလှူရှင်များ၊ ညီလာခံသို့ ကြွရောက်ပြီး အသိပညာ အတတ်ပညာများကို လာရောက်ဆွေးနွေးဟောပြောကြမည့် နိုင်ငံ(၆)နိုင်ငံမှ အသိပညာရှင် နှင့် အတတ်ပညာရှင် (၁၄)ဦးအားလည်းကောင်း အထူးကျေးဇူးတင်နှုတ်ခွန်းဆက်သပါကြောင်း၊ ယခုကျင်းပမည့် ညီလာခံတွင် နိုင်ငံ(၆)နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များအား ကျွန်ုပ်တို့ နိုင်ငံရဲ့ လုပ်ဆောင် မှုကို ပိုမိုစနစ်ကျကောင်းမွန်အောင် သိပ္ပံနည်းကျ လုပ်ဆောင်နိုင်အောင် လာရောက်ပို့ချပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ ထို့ပြင်ညီလာခံသို့ ကြွရောက်လာတဲ့ (၇၀၀)ကျော်သော အားကစားလှုပ်ရှားမှုများကို ဝါသနာပါသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိတ်ပါဝင်စားသူများ အားလုံး တက်ရောက်သည့်အတွက် အားကစားနှင့်ပတ်သက်ပြီး ဘယ်လောက်စိတ်ပါဝင်စားမှုရှိ တယ်ဆိုတာပြသနိုင်ကြောင်း၊ EIM ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is Medicine) ဘယ်လိုပေါက်ဖွားလာတယ် ဆိုတာကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၌ ကျင်းပသော  Life and Glovel  Health Promoration  Conference တက်ရောက်ပြီး EIM ကိုလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ထိုစဉ်က ကျွမ်းကျင်ပညာရှင် အဖြစ် ဆောင်ရွက်နေသော ဒေါက်တာမြလေးစိန်အား တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဒီညီလာခံကြီးကို ကျင်းပခြင်းသည် အားကစားလောကတိုးတက်အောင်မြင်ဖို့ ဖြစ်သောကြောင့် ဝန်ကြီးဌာနတစ်ခုတည်း သာမက (၄၈)ခုသော အားကစားအဖွဲ့ချုပ်တွေနဲ့ မြန်မာနိုင်ငံအိုလံပစ်  ကော်မတီတို့ပါ  ပူးပေါင်းဆောင်ရွက်မှသာ EIM  ဖြစ်လာမယ်လို့ ယုံကြည်ပါကြောင်း၊ EIM ဖြစ်လာ ခြင်းဖြင့် ကျန်းမာရေးမှာ အလွန်အကျိုးရှိပြီး အားကစားလှုပ်ရှားသူတွေရဲ့ နှလုံးသွေးကြောတွေ ကြွက်သားတွေ၊ အဆုတ်တွေ၊ အရိုးတွေ စသည်တို့ ကြံ့ခိုင်လာပြီး ကျန်းမာကြံ့ခိုင်သော လူမျိုးအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါကြောင်း၊ ဆေးရုံဆေးခန်းတွေမှာ လူနာနည်းပါးပြီး ဆရာဝန်၊ ဆရာမများအနေနှင့် လူနာနည်းပါးသည့်အတွက် အရည်အသွေးပြည့်ဝစွာ ကုသနိုင်ပါကြောင်း၊ ယခုအခါမှာလည်း ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး  EIM   ကို တစ်ပြည်လုံးအတိုင်းအတာအရ လုပ်ဆောင်နေပြီဖြစ် ပါကြောင်း၊  ရပ်ကွက်ထဲတွေ မြို့နယ်အားကစားကွင်းတွေ အထူးသဖြင့် အကျဉ်းစခန်းတွေမှာပါ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အကျဉ်းသားများအနေနှင့် အားကစားပြုလုပ်လျှင် ပျော်ရွှင်မှုရှိတယ်ဆိုတဲ့ သူတို့ရဲ့ စိတ်ဓါတ်ခံယူချက် ပြောင်းလဲသွားပြီး နိုင်ငံတော်အတွက် အလွန်အကျိုးရှိတဲ့  ကိစ္စတစ်ရပ်ဖြစ်လာနိုင်ပါကြောင်း၊          ဒီညီလာခံကို အားကစားဆိုင်ရာသိပ္ပံ ပညာနှင့် ဆေးပညာရပ်များ ​တိုးတက် လာမှုဖြင့် မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို မြင့်မားလာစေရန် အားကစားဆိုင်ရာ တားမြစ်ဆေးဝါး သုံးစွဲမှု  ကင်းစင်သော မြန်မာအားကစား လောကအဖြစ် ဂုဏ်ယူ သိက္ခာရှိစွာ ရပ်တည်နိုင်ရန်  ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ဖြင့်  မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဒီ Conference ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ '' Brighter   Future of Myanmar  Sports  Through  Sports  Science and Sports Medicine ''  ဆိုတဲ့အတိုင်း အနာဂတ်မှာ မြန်မာ့အားကစားလောက ထွန်းတောက်လာဖို့ Sports  Science and Sports Medicine မှာပါတဲ့ နိယာမ သဘောတရားတွေကို အသုံးပြုပြီး လုပ်မယ်ဆိုရင် ပိုမိုထိရောက် အောင်မြင်မယ်လို့ ယူဆပါကြောင်း၊ ထို့အပြင်  အားကစားသိပွံ  ကျောင်း(၆)ကျောင်းရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ်လေ့လာသုံးသပ်ပြီး စွမ်းဆောင်မှု မြင့်တက်လုပ်ဆောင်ဖို့ လျာထားပါကြောင်း၊ ဒီ Conference ကြီးမှာ 

          -        Sports Medicine  & Rehabilitation

          -        Clinic  and  Community  Lenkage in  EIM

          -        Orthopedic  & Sports Medicine

          -        Women  &  Sports , Disabled  Sports

          -        Avatar  Health

          -        Anti – Doping  in  Sports

          -        The use and abuse of  Dietary Supplements in Sports

          -        Sports  Psychology

          -        Sports Biomechanics

          -        Sports Medicine  & EIM

          -        Weight Management  for  Athletes Active Individual

          -        Sport Law စတဲ့ ပညာရပ်များကို ပို့ချဆွေးနွေးမှာဖြစ်တဲ့အတွက်အလွန်အကျိုးရှိမည် ဖြစ်ပါကြောင်း၊ ဒီ Conference ပြီးလျှင်  Road  Map ချမှတ်ပြီး လုပ်ဆောင်ရမှာဖြစ်သလို တိုင်းဒေသကြီးနှင့်ပြည်နယ်မှာရှိတဲ့ လူမှုရေးဝန်ကြီးများတို့ ဦးဆောင်ပြီး လုပ်ကြမည်ဆိုလျှင် အောင်မြင်မှာဖြစ်ပါကြောင်း၊ ကျွန်တော့်အနေဖြင့် ဒီ Conference  ကြီးဟာ မြန်မာပြည်ရဲ့ အားကစားလောကအတွက် အဓိကမှတ်ကျောက်တင်လိုက်တဲ့ Conference ဖြစ်တယ်လို့  ခံယူထားပြီး ၄င်း Conferenceမှ ထွက်ပေါ်လာတဲ့ ရလဒ်များကို သေသေချာချာ လိုက်နာပြီး လုပ်ဆောင်ရန် လိုအပ်မည်ဟု ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင်  ယခုညီလာခံကြီးကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်ပါကြောင်း၊ အားကစားဆိုင်ရာ သိပ္ပံနည်းကျ ပညာရပ်တွေ ၊ အားကစားဆိုင်ရာဆေးပညာရပ်တွေကို မြန်မာနိုင်ငံ ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်သောကြောင့် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လူဘဝကြီးကိုစတင်ခဲ့တဲ့ အချိန်ကစပြီး ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ကျန်းမာကြံ့ခိုင်မှု ဆိုတာ ဆက်စပ်လျက် ရှိပါကြောင်း၊ လူတွေဟာ ကိုယ်ကို ပြုစုပျိုးထောင်မှုတွေနဲ့ ရှင်သန်လာရတာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာ အားကစားနဲ့ပတ်သက်သော အခန်းကဏ္ဍတွေမှာ လူငယ်တွေ အထူး စိတ်ပါဝင်စားပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်တွေရဲ့ လူနေမှုဘဝတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ကိစ္စရပ်တွေကို အားကစား ကပင် ပြုပြင်ပြောင်းလဲပေးနိုင်ပါကြောင်း၊ ဒါပေမယ့် အားကစားဟာ တိုးတက် ထွန်းပေါက်လာဖို့ဆိုလျှင် နည်းပညာလိုမှာဖြစ်ပြီး သိပ္ပံနည်းကျ လုပ်ဆောင်ရန် လိုအပ်ပြီး ဘယ်လိုလေ့ကျင့်ခန်းတွေကို လုပ်ခြင်းဖြင့် ဘယ်လိုအခန်းကဏ္ဍတွေမှာ အကျိုးရှိမယ်ဆိုတာ ရှိပါကြောင်း၊ ထိုသို့ သိပ္ပံနည်းကျကျ စနစ်တကျ လုပ်ဆောင်မှသာ ကမ္ဘာ့အလယ်မှာ မြန်မာအားကစားဟာ ပြန်လည်တိုးတက်လာမည် ဖြစ်ပါကြောင်း၊ နောက်တစ်ချက်ကတော့ အားကစားဟာ ဆေးပညာရပ်အတွက် အလွန်အထောက်အကူဖြစ်ပါကြောင်း၊ လူတွေရဲ့ သွေးတိုး၊ နှလုံးရောဂါစသည့် ရောဂါတွေကို အားကစားပြုလုပ်ခြင်းဖြင့် လျော့ကျ သက်သာစေမှာဖြစ်ပြီး အားကစားဖြင့် လူတွေကို အသက်ရှည်ပြီး ကိုယ်ခန္ဓာနုပျိုစေမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားနှင့်ကျန်းမာရေးဟာ အလွန်ဆက်စပ်ပြီး အားကစားဟာ ကျန်းမာရေးတွင် ကုထုံးတစ်ခုလိုဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဒါတွေကို စနစ်တကျ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ဆွေးနွေးကြမှာဖြစ်ပါကြောင်း၊ ယနေ့ညီလာခံကြီးဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ လိုအပ်နေတဲ့ ကွက်လပ်ကြီးကို ပြန်ဖြည့်ဆည်းပေးတဲ့ ညီလာခံ ဖြစ်ပါကြောင်း၊ ဒီညီလာခံကြီးအပြီးမှာ မြန်မာနိုင်ငံ အားကစားသိပ္ပံနည်း ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အားကစားနည်းပညာ တစ်ရပ်အဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ဖို့ မျှော်လင့်ပါကြောင်း၊ ကျန်းမာရေးတွင်လည်း အားကစားဟာ ကုထုံးတစ်ရပ်  ကျန်းမာရေးဟာ အားလုံးရဲ့ရင်ထဲမှာ ရောက်ရှိပြီး ပြည်သူအားလုံးပါဝင်တဲ့ အားကစားလှုပ်ရှားမှုတွေ လူထုပါဝင်လာသောအားကစား ဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဆက်လက်လုပ်ဆောင် နိုင်ဖို့အတွက် ဒီညီလာခံမှ တွန်းအား တစ်ခုဖြစ်လာမှာ ယုံကြည်ပါကြောင်းပြောကြားပါသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ မြန်မာ့အားကစားလောကရဲ့ Sports Science ဟာ ဘယ်လို အနေအထားမှ စတင်ပါဝင်ခဲ့ပြီး ဘယ်လိုလှုပ်ရှားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ Sports Science ဟာ ဘယ်လိုအခြေအနေ ရောက်ရှိနေပြီဖြစ်ပါကြောင်း တို့ကို ရှင်းလင်းပြောကြားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ဆေးပညာကို ဘယ်လိုပတ်သက်ပြီး အားကစားလောကကို ဆေးပညာဖြင့် ဘယ်လိုဆောင်ရွက် ခဲ့ပါကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ညီလာခံအား ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာတင်မျိုးဝင်း၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒေါက်တာရဲတင့်လွင်နှင့် ဟောပြောပို့ချမည့် နိုင်ငံတကာပညာရှင်တို့မှ အခမ်းအနားကို ဖွင့်လှစ်ပေးကြပါသည်။

  

ထို့နောက် အဆိုပါညီလာခံအား  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်လှူဒါန်းကြ သော အလှူရှင်များအား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အမြဲတမ်း အတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေး အပ်ခဲ့ကြပါသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ညီလာခံ၌ ခင်းကျင်းပြသထားသော အားကစား ဆေးဘက်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ထို့နောက် ညီလာခံ ဒုတိယအစီအစဉ်ဖြင့် သရုပ်ပြအစီအစဉ်များစတင်ခဲ့ပြီး  နိုင်ငံ(၆)နိုင်ငံမှ  အသိပညာရှင် ၊ အတတ်ပညာရှင်(၁၄)ဦးမှ အားကစားဆိုင်ရာ သိပ္ပံနည်းကျ ပညာရပ်များ အားကစားဆိုင်ရာ ဆေးဘက်ပညာရပ်များကို ၄င်းတို့၏ ကျွမ်းကျင်ရာ ကဏ္ဍတစ်ခုချင်းအလိုက် ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A