spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၇၃)နှစ်မြောက်၊ ပြည်ထောင်စုနေ့ (အကြို)အထိမ်းအမှတ်အဖြစ် အမျိုးသမီးငယ်များဘဝ မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့်မိုင်းကိုင်မြို့နယ်၌အမျိုးသမီးချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်

(၇၃)နှစ်မြောက်၊ ပြည်ထောင်စုနေ့ (အကြို)အထိမ်းအမှတ်အဖြစ် အမျိုးသမီးငယ်များဘဝ မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့်မိုင်းကိုင်မြို့နယ်၌အမျိုးသမီးချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်

 

မိုင်းကိုင်   ၂၆  ဇန်နဝါရီ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၌ (၇၃)နှစ်မြောက်၊ ပြည်ထောင်စုနေ့ (အကြို)အထိမ်းအမှတ်အဖြစ်  အမျိုးသမီးငယ်များဘဝ မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် လူငယ်အားမာန်အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ  ဘောလုံးအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို မိုင်းကိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသူလေးများဖြင့် ဖွဲ့စည်းထားသော ချယ်ရီမေဘောလုံးအသင်းနှင့် အားမာန်သစ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားမာန်သစ် ဘောလုံးအသင်းက လေးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိကာ ချစ်ကြည်ရေးဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်များ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ဘောလုံးဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%87%E1%81%83%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%81%8A-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%84%E1%80%9A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%98%E1%80%9D