spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၇၃)ကြိမ်​မြောက် မွန်အမျိုးသား​နေ့ အထိမ်းအမှတ် မီနီမာရသွန်​ပြေးပွဲ စည်ကားသိုက် မြိုက်စွာကျင်းပမည်

(၇၃)ကြိမ်​မြောက် မွန်အမျိုးသား​နေ့ အထိမ်းအမှတ် မီနီမာရသွန်​ပြေးပွဲ စည်ကားသိုက် မြိုက်စွာကျင်းပမည်

ကျိုက်မ​ရော ၂၅ ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ် ​ဖေ​ဖော်ဝါရီ ၂ ရက်​တွင် မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်မည့် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အကြို (Mini Marathon 2020 ပြိုင်ပွဲ)ကို ​ဖေ​ဖော်ဝါရီ  ၂ ရက် ​နံနက် ၅ နာရီမှ ၈ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါမီနီမာရသွန်ပြိုင်ပွဲသို့ အသက် (၁၀)နှစ်နှင့်အထက် စိတ်ပါဝင်စားသူ အားကစားဝါသနာရှင် မည်သူမဆို ဝင်​ကြေးအခမဲ့ဖြင့် ဝင်​ရောက်ယှဥ်ပြိုင်နိုင်ကြ​ကြောင်းနှင့် ပြိုင်ပွဲတွင် ဆု​ကြေးများအဖြစ် ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်းအပြင် အခြားဆုလက်​ဆောင်ပစ္စည်းများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်​ပေးသွားမည်ဖြစ်​ရာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား​သမားများအနေဖြင့် ဇန်နဝါရီ ၃၁ ရက်​ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မ​ရော)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%87%E1%81%83%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E2%80%8B%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E2%80%8B%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%99%E1%80%AE%E1%80%94%E1%80%AE%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E2%80%8B%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2-%E1%80%85%E1%80%8A%E1%80%BA%E1%80%80%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%80%80%E1%80%BA