spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာ-အင်္ဂလိပ် ဘာသာပြန်(၂/၂၀၁၉)သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာ-အင်္ဂလိပ် ဘာသာပြန်(၂/၂၀၁၉)သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်၊ ဇန်နဝါရီလ(၂၄)ရက်။           

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ် သော မြန်မာ-အင်္ဂလိပ် ဘာသာပြန်(၂/၂၀၂၀)သင်တန်းဆင်းပွဲကို ယနေ့နေ့လည်(၁:၀၀)နာရီ အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှ အောင်မြင်မှု၊ ကျွမ်းကျင်မှုများကို ကြည့်၍ ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များတွင် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် အင်္ဂလိပ်စာ နှင့် ITပညာ ရပ်များသည် အရေးကြီးသည့်အတွက် စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်ပါကြောင်း၊ သင်တန်း တက်ရောက်ရာတွင်လည်း Certificate လက်မှတ်ရရုံမဟုတ်ဘဲ လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတွင် ရှိသော အရည်အချင်းများနှင့် သင်တန်းမှရရှိသော ပညာရပ်များပေါင်းစပ်၍ ဌာနအကျိုး၊ နိုင်ငံ့အကျိုးများကို ယခုထက်ပိုမိုဆောင်ရွက်နိုင်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆရာ ဒေါက်တာသာစိန်မှ သင်တန်းနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး၊ သင်တန်းတာဝန်ခံ ဦးရဲလွင်မှ သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ သင်တန်းတွင် ပထမရရှိသော ဒေါ်မျိုးသူဇာ (စီမံကိန်းနှင့်သုတေသနဌာနခွဲ)၊ ဒုတိယ ဒေါ်ရွှေရည်မြင့်မောင် (ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ-၂)၊ တတိယ ဒေါ်ဝင်းမြတ်မြတ်သူ (စီမံကိန်းနှင့်သုတေသနဌာနခွဲ)တို့ကို ဆုများချီးမြှင့်ခဲ့ပြီး ကျန်သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်း Certificate လက်မှတ် များကို အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား ပထမရရှိသော သင်တန်းသူ ဒေါ်မျိုးသူဇာမှ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အဆိုပါသင်တန်းကို (၂.၁၁.၂၀၂၀)ရက်နေ့မှ(၅.၁.၂၀၂၀)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၁၉)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%81%82%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA