spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဖေဖော်ဝါရီ (၄)ရက်။
 
မြန်မာ့ဘောလုံးလောက ယခုထက်ပိုမို အောင်မြင်မှုများစွာရ ရှိစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲ စဉ်များကို ယနေ့ နေ့လယ်(၃)နာရီအချိန်တွင်  ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးဘောလုံးကွင်းများ၌ ကျင်းပ ရာကွင်းအမှတ်(၁)၌ ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကချင်ပြည်နယ်အသင်းမှ (၃)ဂိုး (၂)ဂိုး ဖြင့့််လည်းကောင်း၊ ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့သည်။
 
အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို (၅-၂-၂ဝ၁၈)ရက်နေ့တွင် ရပ်နား၍ (၆-၂-၂ဝ၁၈)ရက်နေ့တွင် ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ် အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ကချင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်  ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌လည်းကောင်း ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%82%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-2