spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

မန္တလေး ဇန်နဝါရီ ၂၆

၂၀၂၀ ပြည့်နှစ် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက်က မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့် အောင်က ဇန်နဝါရီ ၃ဝ ရက်တွင် ပြင်ဦးလွင်မြို့ အားကစား ကွင်းသစ်၌ ကျင်းပမည့် တတိယအကြိမ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင် စွာကျင်းပနိုင်ရန်အတွက် ကော်မတီများဖွဲ့စည်း၍ ကြိုတင် စီစဉ်ထားရှိမှုများနှင့် စည်းကမ်းတကျ ကြည့်ရှုအားပေးရေး၊ ဘောလုံးအသင်းများ၏ တည်းခိုနေထိုင် စားသောက်ရေး နှင့် ကျန်းမာရေး၊ လုံခြုံရေး အစီအစဉ်များ ဆောင်ရွက်ထား မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်နိုင်၊ ပြင်ဦးလွင်ခရိုင် ခေတ္တ အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေနှင့် ပြင်ဦးလွင်မြို့နှင့် မုံရွာမြို့တို့ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများမှ တာဝန်ရှိသူများက ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကာ တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက် မှာကြားခဲ့သည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် ပြင်ဦး လွင်မြို့ အားကစားကွင်းသစ်၌ အိန္ဒိယနိုင်ငံကိုယ်စားပြု မဏိပူရ်ပြည်နယ် အသင်းနှင့် အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)လက်ရွေးစင် အမျိုးသမီးအသင်းတို့ ဇန်နဝါရီ ၃ဝ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ စစ်ကိုင်း တိုင်းဒေသကြီးလက်ရွေးစင် အမျိုးသမီးအသင်းနှင့် မဏိပူရ် ပြည်နယ် လက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံး ပွဲကို ကျင်းပမည်ဖြစ်သည်။

 

တင်မောင်(မန်းကိုယ်ပွား)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8