spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၉)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့်စွယ်စုံတံခွန်စိုက်ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြု

(၁၉)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုနှင့်စွယ်စုံတံခွန်စိုက်ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြု

မုံရွာ ဇန်နဝါရီ ၂၆
၂၀၂၀ ပြည့်နှစ် (၁၉)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဆုနှင့် စွယ်စုံတံခွန်စိုက် ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာသိုင်းအသင်းအား ယနေ့ မွန်းတည့် ၁၂ နာရီက မုံရွာမြို့မှ ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ အောင်ပွဲရ မြန်မာ့ရိုးရာ သိုင်းအသင်း အား ကြိုဆိုဂုဏ်ပြုပွဲကို ကျင်းပရာ အသင်းအုပ်ချုပ်သူ၊နည်းပြဆရာနှင့် ထူးချွန်အားကစားသမားတစ်ဦးတို့က အမျိုးသားတံခွန်းစိုက်ဆုကို တိုင်း ဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းထံသို့ လည်းကောင်း၊ စွယ်စုံ တံခွန်စိုက်ဆုကို တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်ထံသို့ လည်းကောင်း လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး သိုင်း ဆပ်ကော်မတီ ရုံးအဖွဲ့မှူး ဦးအာယုက အသင်းသားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီးနောက် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြု ငွေကျပ်သိန်း ၂၀ နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးက အားကစားနှင့် ကာယပညာဦးစီး ဌာန၏ ဂုဏ်ပြုငွေကျပ်ရှစ်သိန်းတို့ ကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် အားကစားသမားများက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး သိုင်း ဆပ်ကော်မတီအနေဖြင့်လည်း ၂၀၀၄ ခုနှစ်က ဗန်တို၊ လတ် အတိုက်သိုင်း တံခွန်စိုက်ဒိုင်းဆုကြီးနှင့် ၂၀၀၆ ခုနှစ်၌ အမျိုးသမီးတံခွန်စိုက်ဆုကြီး တို့ကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရွှေတစ်ခု၊ ငွေငါးခု၊ ကြေး ရှစ်ခုအထိရရှိအောင် စွမ်းဆောင်နိုင် ခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင် ရွှေ ရှစ်ခု၊ ငွေ လေးခု၊ ကြေးခြောက်ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုနှင့် စွယ်စုံ တံခွန်စိုက်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထွန်းကိုကို(ယင်းမာပင်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA