spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရဲရွာ စုပေါင်းတောင်တက်စက်ဘီးစီးနင်းပွဲပြုလုပ်

ရဲရွာ စုပေါင်းတောင်တက်စက်ဘီးစီးနင်းပွဲပြုလုပ်

 

 မန္တလေး  ၂၇  ဇန်နဝါရီ

ရဲရွာ စုပေါင်းတောင်တက်စက်ဘီးစီးနင်းပွဲကို ယမန်နေ့ နံနက် ၇ နာရီက မန္တလေး-ပြင်ဦးလွင် ၁၆ မိုင် တိုးဂိတ် ကျောက်ချောကျေးရွာအနီး စုရပ်နေရာတွင် ပြုလုပ်ခဲ့သည်။

စက်ဘီးစီးနင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းမှ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးပြီး စက်ဘီးစီးဝါသနာရှင်များက စုရပ်မှ မန္တလေး-ရဲရွာလမ်းမှ ပြင်ဦးလွင်လမ်းသစ်အတက် လမ်းအဆုံးထိ သတ်မှတ် လမ်းကြောင်းအတိုင်း ကီလိုမီတာ ၄၀  ခရီးကို ကျောက်ချောကျေးရွာ၊ ဝနက်ကျေးရွာ၊ ကဗျူးကျေးရွာတို့ကို ဖြတ်သန်းစီးနင်းကာ မွန်းလွဲ ၁ နာရီခွဲတွင် သံတောင်ကျေးရွာအနီးတွင် ပန်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲသို့ ပုသိမ်ကြီးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်း၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် အနယ်နယ်အရပ်ရပ်မှ စက်ဘီးစီး ဝါသနာရှင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၈၀ဝ ကျော် ပါဝင်စီးနင်းခဲ့သည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲကို မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် First National Insurance (FNI)မှ ကူညီပံ့ပိုး၍ Mandalay Free Rider(MFR)မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

တင်မောင်(မန်းကိုယ်ပွား)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%B2%E1%80%9B%E1%80%BD%E1%80%AC-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%80%E1%80%BA%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%94%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA