ရန်ကုန်၊ ဖေဖော်ဝါရီလ(၂)ရက်။
၂၀၁၉ခုနှစ်၊ အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘိလိယက်၊စနူကာ နှင့် (9 Ball) အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန် က ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal Yangon ၌ ကျင်းပရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးရှိန်ဝင်း၊ ချယ်ရီဦးနာရီမှ CEO ဦးကျော်ကျော်မိုး၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နည်းပြ၊ အုပ်ချုပ်သူနှင့် ဆုရ အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က ဂုဏ်ပြုအမှာစကားပြောကြား ရာတွင်-
ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က ဂုဏ်ပြုအမှာစကားပြောကြား၍ လည်းကောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်က ပြိုင်ပွဲနှင့် ပတ်သက်၍ ယှဉ်ပြိုင်မှုနှင့် ဆုရရှိခဲ့ကြသည့် မှတ်တမ်း VIDEO ရုပ်ပုံများအား Projector ဖြင့် ရှင်းလင်းပြသ ပြောကြားခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က အကြိမ်(၃၀)မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အုပ်ချုပ်သူ နည်းပြချုပ် နည်းပြ အနေဖြင့် ပါဝင်ခဲ့သော မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးခင်မောင်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးအေးချိုတူးနှင့် အလုပ်အမှုဆောင်ဦးအောင်ဆန်းဦးတို့အား ချယ်ရီဦးမှ နာရီများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဒုတိယ ဥက္ကဌ ဦးသက်နိုင်ဦးမှ စနူကာနှစ်ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့ သည့် ကိုထက်နှင့် သက်မင်းလင်း၊ 10-Ball အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သည့် အေမီအောင်နှင့် သန္တာမောင် တို့အား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းစီအားလည်းကောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင် မှ ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲ တွင် ငွေတံဆိပ်ဆုရ နေသွေးဦးအား ဂုဏ်ပြုဆုငွေကျပ်(၃၀)သိန်းအားလည်းကောင်း၊ ဒုတိယ ဝန်ကြီးဒေါက်တာ မြလေးစိန်မှ 9-ball အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဘုန်းမြင့်ကျော် အား ဂုဏ်ပြုဆုငွေကျပ်(၅၀)သိန်းအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မှ 9-ball အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူ တို့အား ဂုဏ်ပြုဆုငွေကျပ်(၅၀)သိန်းအား အသီးသီး ဂုဏ်ပြု ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ KBZ Group မှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့် က မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင် ထံသို့ အလှူငွေကျပ် သိန်း(၅၀) အားလည်းကောင်း၊ 9 Clup ဘိလိယက်နှင့်စနူကာမှ ကိုအေးချမ်းအောင် က ရွှေတံဆိပ်ရရှိသော ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူ တို့အား တစ်ဦးလျင် ငွေကျပ်(၁၀)သိန်းစီပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ 147 Clup ဘိလိယက်နှင့်စနူကာ မှ ကိုနေအောင် က ရွှေတံဆိပ်ရရှိသော ဘုန်းမြင့်ကျော်နှင့် အောင်မိုးသူ တို့အား တစ်ဦးလျင် ငွေကျပ်(၂)သိန်းငါးသောင်းစီပေးအပ်ချီးမြှင့် ခဲ့ကြပြီး KBZ Group မှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့် က နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားများအတွက် ဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး တို့နှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး ရွှေတံဆိပ်ဆု(၂)ဆုရရှိခဲ့သော ဘုန်းမြင့်ကျော် က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ချယ်ရီဦးနာရီ မှ ရွှေတံဆိပ်တစ်ခုလျှင် ငွေကျပ်သိန်း(၅၀)၊ ငွေတံဆိပ်တစ်ခုလျှင်ငွေကျပ်သိန်း(၃၀)နှင့် ကြေးတံဆိပ်တစ်ခုလျှင် ငွေကျပ် (၁၀)သိန်း တို့အား စုစုပေါင်းသိန်း(၁၆၀)ကို အဓိက ကူညီ ပံ့ပိုး ခဲ့ကြောင်းသတင်းရရှိသည်။