spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

မြိတ် ၁ ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ရိုးရာခြင်းလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်မြို့တွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းမှ (၆၂၁)မှတ်နှင့် ထားဝယ်ခရိုင်အသင်းမှ (၃၈၄)မှတ်တို့ ရရှိခဲ့ကြပြီး မြိတ်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဒုတိယဆုနှင့် ပထမဆုရရှိသော အသင်းတို့မှ အားကစားသမားများအား တာဝန်ရှိသူများမှ လည်ဆွဲဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် ပထမရရှိသော မြိတ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို တနင်္သာရီတိုင်ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင် ရိုးရာခြင်းလုံး အားကစားသမားများကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%AC%E1%80%9B%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%81%83%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7