spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

မုံရွာ  ၂   ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့ညနေ ၃ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံ နယ်နမိတ်ထိစပ်နေသောပြည်နယ်များအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေရန်၊ စီးပွားရေး လုပ်ငန်းများပိုမိုပူးတွဲ လုပ်ဆောင်နိုင်စေရန် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် နှစ်နိုင်ငံကိုယ်စားပြုဘောလုံးအသင်းများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ  အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ကာ ပန်းစည်းများ ပေးအပ်ခဲ့ကာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ- အိန္ဒိယချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးဘိုးသန်းညွန့်၊ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် Mr. Nanda singh Bhaisora နှင့် မဏိပူရ်ပြည်နယ်အစိုးရအဖွဲ့အစည်းဝင် များ၊ ဖိတ်ကြားထားသူများ၊ ဘောလုံး ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအပြီး ညပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် မဏိပူရ်ပြည်နယ်အစိုးရအဖွဲ့အစည်းဝင်များ၊ မဏိပူရပြည်နယ် ကိုယ်စားပြုအမျိုးသမီးဘောလုံးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

ဝင်းဦး(ဇေယျာတိုင်း)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%99%E1%80%8F%E1%80%AD%E1%80%95%E1%80%B0%E1%80%9B%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8