spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အထိမ်းအမှတ်အသင်းလိုက်တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အထိမ်းအမှတ်အသင်းလိုက်တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်

ရန်ကုန်‌ ဖေဖော်ဝါရီ (၃)
မြန်မာနိုင်ငံ တိုင်းရင်သားလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တို့၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ‌သော “‌သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အထိမ်း အမှတ် အသင်းလိုက်တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲများကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏဘူရောင်း တိုက်ကွမ်ဒိုအားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါဗိုလ်လုပွဲပြိုင်ပွဲတွင် အသက် ၁၇ နှစ်အောက်‌ အမျိုးသား‌ခြောက်ဦး ‌ပေါင်း ကီလို ၃၀၀ တန်း၊ အသက် ၁၄ နှစ်အောက် အမျိုးသမီးကီလို ၂၇၀ တန်း၊ ၁၄ နှစ် အောက် အမျိုးသားကီလို ၂၀၀‌ အောက်တန်း၊ ၁၄ နှစ်‌ အောက် အမျိုးသမီး ၂၀၀ အောက်အတန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးခွန်အေး မောင်၊ ကယားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကယား ပြည်နယ် တိုက်ကွမ်ဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အမှုဆောင်များက တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားများနှင့် ငွေသားဆုများ ချီးမြှင့်သည်။ 

ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ပြီး တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ကလပ်များမှ အသင်းကိုးသင်းနှင့် ပြိုင်ပွဲ၀င်အားကစားသမား ၂၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
 

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E2%80%9C%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%80%9B%E1%80%B2%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%86%E1%80%AE%E2%80%9D-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%81%E1%80%BB%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%B7%E1%80%BA