spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ်နှင့် ဧပြီတွင် ဥရောပနိုင်ငံများ၌ ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်မည်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ်နှင့် ဧပြီတွင် ဥရောပနိုင်ငံများ၌ ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်မည်

၄ ဖေဖော်ဝါရီ

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ်နှင့် ဧပြီတွင် ဥရောပနိုင်ငံများ၌ ပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်အတွက် အမှတ်များ လိုအပ်နေသလို ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်တက်ရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုလအတွင်း ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်ပြီးပါက ဥရောပနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်က ချန်ပီယံဆုရထားသည့် ပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်မည်ဖြစ်ပြီး Uganda International Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံတွင်လည်းကောင်း၊  Kenya Future Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကင်ညာနိုင်ငံ၌လည်းကောင်း ကျင်းပမည်ဖြစ်သည်။

သက်ထားသူဇာသည် ဥရောပနိုင်ငံများဖြစ်သည့် ပေါ်တူဂီ၊ ချက်၊ ဆွတ်ဇာလန်၊ ပိုလန်နှင့် ဖင်လန်နိုင်ငံတို့၌ ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဧပြီဒုတိယပတ်တွင် ကျင်းပမည့်ပြိုင်ပွဲအချို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 300  ပြိုင်ပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်၊ ပိုလန်နိုင်ငံ၌ ကျင်းပမည့် International Challenge  ကြက်တောင်ပြိုင်ပွဲကို မတ် ၂၆ ရက်မှ ၂၉ ရက်၊ ဖင်လန်နိုင်ငံ၌ ကျင်းပမည့် International Challenge  ကြက်တောင်ပြိုင်ပွဲကို ဧပြီ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီနောက်ဆုံးပတ်တွင် ရွေးချယ်မည်ဖြစ်ပြီး သက်ထားသူဇာအနေဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်ကာ ဝင်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သက်ထားသူဇာသည် လက်ရှိတွင် ရန်ကုန်မြို့၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ- စိုးညွန့်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%9A%E1%80%BA-%E1%80%9E%E1%80%80%E1%80%BA%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%87%E1%80%AC%E1%80%9E%E1%80%8A%E1%80%BA-%E1%80%99%E1%80%90%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A7%E1%80%95%E1%80%BC%E1%80%AE%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A5%E1%80%9B%E1%80%B1%E1%80%AC%E1%80%95%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%8C-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8