spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား (ဘောလုံး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား (ဘောလုံး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ(၄)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသ ကြီးနှင့်ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ  တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့် ရေးကွင်း(၃)တွင် ချင်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၁)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားက စား လေ့ကျင့်ရေးကွင်း(၁)တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၂)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ကယားပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ (၁)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။

 

ယနေ့ အုပ်စုပွဲစဉ်များအပြီး (၅.၂.၂၀၂၀)ရက်နေ့တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး (၆.၂.၂၀၂၀)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေး ကွင်း(၁)တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ် အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ ဘောလုံးအားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာ ရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။      


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-u-21-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-4