spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း ဆောင်ရွက်နေမှုများသုံးသပ်ခြင်းနှင့်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း ဆောင်ရွက်နေမှုများသုံးသပ်ခြင်းနှင့်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်

 

 

နေပြည်တော် ဖေဖော်ဝါရီ(၅)ရက်။ 

မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း၏ ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကိုယနေ့ နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ သိပ္ပံကျောင်း(၆)ကျောင်းနှင့် အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၊ လက်ရွေးစင်အားကစားသမားဟောင်းများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ နည်းစနစ် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

 

အစီအစဉ်အရ ကျောင်းအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့်ထောက်ပံ့ရေး၊ သင်တန်းသားရွေးချယ်မှုနည်းလမ်းများနှင့်စံနနှ်ုးများ(Criteria)၊ လေ့ကျင့်ရေးနှင့် အကဲဖြတ်စောင့်ကြပ်ကြည့်ရှုမှုစနစ် (Computerized recording and monitoring system)၊ အဟာရဖွံဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနှင့်စာသင်ကြားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝရှေ့ရေး ခေါင်းစဉ်များဖြင့် အလုပ်ရုံဆွေးပွဲသို့ တက်ရောက်လာသူများမှ အုပ်စု(၆) အုပ်စုခွဲကာ ဆွေးနွေး ထားရှိခဲ့မှုများအား အဖွဲ့တစ်ခုချင်း အလိုက်ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ အဖွဲ့တစ်ခုချင်းစီ၏ ရှင်းလင်းတင်ပြမှုများအပေါ်ဝေဖန်အကြံပြုသုံးသပ်ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

 

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှနိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးတွင်ဖြစ်ပျက်နေသော အကြောင်းအရာများကို စောင့်ကြည့်လေ့လာသင့်ပါကြောင်း၊ မကြာမှီ Computer Group ဖွဲ့ပြီး လုပ်ငန်းများလျင်လျင်မြန်မြန်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော  Results များကို မြန်မြန်ဆန်ဆန်လုပ်ဆောင် ပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်သွားလျှင် မြန်မာ့အားကစား တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယနေ့ တက်ရောက်လာကြသောသူများသည် အားကစားလောကတွင် Experienceအတွေ့အကြုံရှိသောသူများဖြစ်သည့်အတွက် အားကစားလောက ပိုမိုတိုးတက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ပြောကြားရာတွင် နည်းပြများ၏ အရည်အချင်းများကိုလည်း တိုးတက်အောင်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများတွင် ပြုလုပ်လေ့ကျင့်နေကြသည်ကိုလည်း မျက်ခြေအပြတ်မခံဘဲ အမြဲလေ့လာသင့်ပါကြောင်း မျိုးဆက်သစ်လူငယ်များကိုလည်း အားကစားကိုစိတ်ပါဝင်စားလာစေရန် စည်းရုံးဆောင်ရွက်သင့်ပါကြောင်း၊ အားကစားသိပ္ပံကျောင်း (၆)ကျောင်းတွင် လူဦးရေ ကျစ်ကျစ်လစ်လစ်ဖြင့် ပိုမိုတိုးတက်အောင်လုပ်ဆောင်သင့်ပါကြောင်း၊ ယခုတက်ရောက် ဆွေးနွေးခဲ့သော အားကစားကျွမ်းကျင်ပညာရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ထူးချွန်ထက်မြက်သော နည်းပြများ/ အားကစားသမားများ ပေါ်ထွက်လာစေရန် ဝိုင်းဝန်းကြိုးပမ်းသင့်ပါကြောင်း၊ ယခုအချိန်မှစပြီး အားကစားနှင့်ကာယပညာသိပ္ပံ (၆)ကျောင်းတွင် အားနည်းချက် များကိုပြုပြင်ပြီး၊ အားသာချက်များကို လျင်လျင်မြန်မြန်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ကူညီပေးကြသော ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မကြာမှီ ကျွမ်းကျင်အားကစားပညာရှင်များကိုလည်း ဖိတ်ခေါ်၍ အားကစားလောကပိုမို တိုးတက်အောင် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 

 

အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(၆)ကျောင်း ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို (၄.၂.၂၀၂၀)ရက်နေ့မှ (၅.၂.၂၀၂၀)နေ့ထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင်ကျင်းပပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ သိပ္ပံကျောင်း(၆)ကျောင်း/ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမူးများ၊ လက်ရွေးစင်ကစားသမား ဟောင်းများ၊ အားကစားအဖွဲ့ချုပ်များမှ နည်းစနစ်ကျွမ်းကျင်သူများ စုစုပေါင်း (၁၇၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%91%E1%80%BD%E1%80%B1%E1%80%B8-%E1%80%99%E1%80%BE