နေပြည်တော်၊ ဖေဖော်ဝါရီ (၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂ဝ၁၈ခုနှစ်၊ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအဖြစ် ယနေ့နံနက် (၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။
ပထမပွဲစဉ်အဖြစ် Men Elite အသက်(၂၃)နှစ်အောက် (၃၄)ကီလိုမီတာပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှေ့မှ စတင်တာလွတ်ပြီး ပျဉ်းမနား၊ တောင်ညိုလမ်းမှ ဝဏ္ဏသိဒ္ဓိအဝိုင်း၊ ထိုမှတစ်ဆင့် ဇေယျာအောင်မြေ၊ ဝင်းသူဇာလမ်းမှ ကြာပန်းအဝိုင်း၊ ကုမုဒြာအဝိုင်း၊ ယဉ်ကျေးမှုပြတိုက်ထိလည်းကောင်း၊ ထိုမှပြန်လှည့်၍ လာရာလမ်းကြောင်းအတိုင်းပြန်လာပြီး ဝဏ္ဏသိဒ္ဓိကွင်းမှတဆင့် ပန်းဝင်စေခဲ့ပါသည်။ ပြိုင်ပွဲတွင် တရုတ်နိုင်ငံ အားကစားသမားမှ စံချိန် (၄ဝ)မိနစ် (၄၆)စက္ကန့်ဖြင့်ပထမ၊ ဟောင်ကောင်နိုင်ငံ အားကစားသမားမှ စံချိန် (၄၁)မိနစ် (၆)စက္ကန့်ဖြင့် ဒုတိယ၊ ဂျပန်နိုင်ငံ အားကစားသမားမှ စံချိန် (၄၂)မိနစ် (၃ဝ)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြပါသည်။
ဆက်လက်၍ ပွဲစဉ်(၂)အဖြစ် Women Elite (၂၂)ကီလိုမီတာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစာကွင်းမှ ပျဉ်းမနား၊ တောင်ညိုကားလမ်း၊ ဝဏ္ဏသိဒ္ဓိအဝိုင်းထိလည်းကောင်း၊ ထိုမှတဆင့် ဇေယျာအောင်မြေလမ်းမှ နယ်စပ်ရေးရာ ဝန်ကြီးဌာနရုံးရှေ့အထိလည်းကောင်း၊ ထိုမှပြန်လှည့်၍ ကားလမ်းအတိုင်း ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ပန်းဝင်ပါသည်။ ပြိုင်ပွဲတွင် ကိုရီးယားနိုင်ငံ အားကစားသမားမှ စံချိန် (၃၁)မိနစ် (၂)စက္ကန့်ဖြင့် ပထမ၊ တရုတ်နိုင်ငံ အားကစားသမားမှ စံချိန် (၃၁)မိနစ် (၅၃)စက္ကန့်ဖြင့် ဒုတိယ၊ ဂျပန်နိုင်ငံ အားကစားသမားမှ စံချိန်(၃၂)မိနစ် (၁၈)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း ရရှိခဲ့ပါသည်။
ဆက်လက်ပြီး အမျိုးသမီး အသက်(၂၃)နှစ်အောက် (၂၂)ကီလိုမီတာပြိုင်ပွဲကို ပွဲစဉ်(၂)လမ်းအကြောင်းအတိုင်းကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် တရုတ်နိုင်ငံ အားကစားသမားမှ စံချိန် (၃၂)မိနစ် (၁)စက္ကန့်ဖြင့် ပထမ၊ ဟောင်ကောင်နိုင်ငံ အားကစားသမားမှ စံချိန် (၃၂)မိနစ် (၂)စက္ကန့်ဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံ အားကစားသမားမှ (၃၃)မိနစ်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။
နေ့လည်ပိုင်းပွဲစဉ်များအဖြစ် အမျိုးသားသက်တမ်းလိုက်(၃၄)ကီလိုမီတာပြိုင်ပွဲများကို ပွဲစဉ်(၁)လမ်းကြောင်းအတိုင်း ဆက်လက်ကျင်းပပြုလုပ်ရာ အသက်(၃၅-၃၉)အတွင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံ ကစားသမားမှ (၄၆)မိနစ် (၃၆)စက္ကန့်ဖြင့် ပထမ၊ ဟောင်ကောင်နိုင်ငံ ကစားသမားမှ (၄၇)မိနစ် (၅၄)စက္ကန့်ဖြင့် ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံ ကစားသမားမှ (၄၉)မိနစ် (၃၃)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အသက်(၄ဝ-၄၄)အတွင်းပြိုင်ပွဲတွင် မလေးရှားနိုင်ငံ ကစားသမားမှ (၄၆)မိနစ် (၄၆)စက္ကန့်ဖြင့် ပထမ၊ အီရန်နိုင်ငံ ကစားသမားမှ (၄၈)မိနစ် (၁၅)စက္ကန့်ဖြင့် ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံ ကစားသမားမှ (၄၉)မိနစ် (၁ဝ)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အသက်(၄၅-၄၉)အတွင်းပြိုင်ပွဲတွင် အီရန်နိုင်ငံ ကစားသမားမှ (၄၉)မိနစ် (၄၉)စက္ကန့်ဖြင့် ပထမ၊ အီရန်နိုင်ငံ ကစားသမားမှ (၅ဝ)မိနစ် (၂၄)စက္ကန့်ဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံ ကစားသမားမှ (၅၁)မိနစ် (၁၇)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အသက်(၅ဝ)နှင့်အထက်ပြိုင်ပွဲတွင် အီရန်နိုင်ငံ ကစားသမားမှ (၄၉)မိနစ် (၂၉)စက္ကန့်ဖြင့် ပထမ၊ ဟောင်ကောင်နိုင်ငံ ကစားသမားမှ (၅၁)မိနစ် (၂၇)စက္ကန့်ဖြင့် ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံ ကစားသမားမှ (၅၂)မိနစ် (၅)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်းအသီးသီးရရှိသွားသည်။
ဆက်လက်ပြီး မသန်စွမ်းစက်ဘီးပြိုင်ပွဲ C1-C5 (၂၂)ကီလိုမီတာကို ပွဲစဉ်(၂) လမ်းကြောင်း အတိုင်းကျင်းပပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ ကစားသမားမှ စံချိန် (၃၂)မိနစ် (၄ဝ)စက္ကန့်ဖြင့် ပထမ၊ အိန္ဒိယနိုင်ငံ ကစားသမားမှ စံချိန် (၃၅)မိနစ် (ဝ၃)စက္ကန့်ဖြင့် ဒုတိယ၊ အိန္ဒိယနိုင်ငံ ကစားသမားမှ စံချိန် (၃၆)မိနစ် (၁၂)စက္ကန့်ဖြင့် တတိယကိုလည်းကောင်း၊ Men Handcycle H1-H5 (၁၁)ကီလိုမီတာပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိကွင်းပတ်လမ်းကြောင်းအတိုင်း ဆက်လက်ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ ကစားသမားမှ စံချိန် (၁၈)မိနစ် (၅၈)စက္ကန့်ဖြင့် ပထမ၊ စံချိန် (၂ဝ)မိနစ် (ဝ၇)စက္ကန့်ဖြင့် ဒုတိယ၊ စံချိန် (၂ဝ)မိနစ် (၅၉)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ Women Handcycle H1-H5 ပြိုင်ပွဲတွင် အင်ဒိုနီးရှားမှ စံချိန် (၂၆)မိနစ် (၅၃)စက္ကန့်ဖြင့် ပထမ၊ စင်ကာပူနိုင်ငံ ကစားသမားမှ စံချိန် (၂၇)မိနစ် (၅ဝ)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်ကောင်း အသီးသီးရရှိခဲ့ပါသည်။
ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပြုလုပ်ရာ ဆုရရှိသောနိုင်ငံများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွတ်တော်၊ ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အာရှစက်ဘီးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. Onkar Singh? မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်း၊ Techanical Delegate မစ္စတာဟာရာရီ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
၂ဝ၁၈ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲသို့ အိမ်ရှင်မြန်မာ အပါအဝင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမေ္ပာဒီးယား၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ အီရန်၊ U.A.E ၊ ဘာရိန်း၊ မွန်ဂိုလီးယား၊ ဂျော်ဒန်၊ တာဂျစ်စတန်၊ ကာဇက်စတန်၊ မကာအို နှင့်ဆီးရီးယားနိုင်ငံ တို့မှ စုစုပေါင်းပြိုင်ပွဲဝင်ကစားသမား (၄၁၅) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲများကို (၈.၂.၂ဝ၁၈) မှ (၁၂.၂.၂ဝ၁၈) နေ့အထိ ဝဏ္ဏသိဒ္ဓိစက်ဘီးကွင်းတွင် နေ့စဉ်နံနက် (၇)နာရီအချိန်မှ စတင်တာလွတ်ကစားမည်ဖြစ်ပါသဖြင့် စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့်် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါသည်။