spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲတတိယနေ့ ဆက်လက်ကျင်းပ

၂ဝ၁၈ ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲတတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ (၁ဝ)ရက်။   

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊  အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂ဝ၁၈ခုနှစ်၊ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲ ပွဲစဉ်များအား ယနေ့နံနက် (၈)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊အာရှစက်ဘီးအဖွဲ့ချူပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပထမပွဲစဉ်အဖြစ်  Individual Men Elite (၄၂)ကီလိုမီတာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမား(၁၅)ဦးသည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှ  စတင်တာလွတ်ပြီး ဝဏ္ဏသိဒ္ဓိ အဝိုင်းမှ လွတ်တော်လမ်းကြောင်း၊ ထိုမှတစ်ဆင့် ကြာပန်းအဝိုင်းမှရာဇသင်္ဂဟလမ်းကြောင်း၊ အင်ကြင်းပန်းအဝိုင်းထိလည်းကောင်း ထိုမှပြန်လှည့်၍ မင်းသီဟလမ်းကြောင်းမှတဆင့် ဝဏ္ဏသိဒိ္ဓအားကစားကွင်းသို့ ပန်းဝင်စေခဲ့ပါသည်။ ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံ အားကစားသမားမှ စံချိန် (၄၉)မိနစ် (၅၃)စက္ကန့်ဖြင့် ပထမ၊ ကိုရီးယားနိုင်ငံ အားကစားသမားမှ စံချိန် (၄၉)မိနစ် (၅၆)စက္ကန့်ဖြင့် ဒုတိယ၊ အီရန်နိုင်ငံ အားကစားသမားမှ စံချိန်(၅ဝ)မိနစ်(၅၂)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း  အသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။

ဒုတိယပွဲစဉ်အဖြစ် Individual Men Junior (၁ဝ၆)ကီလိုမီတာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမား(၄၆)ဦးသည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှ  စတင်တာလွတ်ပြီး သပြေကုန်းအဝိုင်း၊ ကံ့ကော် အဝိုင်းထိုမှတဆင့် လေဆိပ်၊ ရာဇသင်္ဂလမ်းအတိုင်းမှ အင်ကြင်းပန်းအဝိုင်း၊ မင်္ဂလာအဝိုင်း၊ ခွာညိုပန်းအဝိုင်းမှ ကြာပန်းအဝိုင်း ၊ ဝဏ္ဏသိဒ္ဓိအဝိုင်းမှတဆင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ ပန်းဝင်စေခဲ့ပါသည်။ ပြိုင်ပွဲတွင် ဂျပန်နိုင်ငံအားကစားသမားမှ စံချိန်(၂)နာရီ (၃၂.၃၈)စက္ကန့်ဖြင့် ပထမ၊ ဖိလစ်ပိုင်နိုင်ငံအားကစားသမားမှ စံချိန်(၂)နာရီ (၃၂.၄၉)စက္ကန့်ဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံ အားကစားသမားမှ စံချိန်(၂)နာရီ (၃၃.ဝ၁)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။

နေ့လည်ပိုင်းပွဲစဉ်အဖြစ် Individual Women Junior (၇ဝ) ကီလိုမီတာပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမား(၂၇)ဦးသည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှ  စတင်တာလွတ်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ညိုကားလမ်းအတိုင်း သပြေကုန်းအဝိုင်းထိလည်းကောင်း၊ ထိုမှတဆင့် ရာဇသင်္ဂဟလမ်း အတိုင်း ပျဉ်းမနား၊ တပ်ကုန်းအမှတ်(၁)လမ်းအတိုင်း ဗုဒ္ဓဂါယာအထိလည်းကောင်း၊ ထိုမှပြန်လှည့်၍ တပ်ကုန်း၊ ပျဉ်းမနားလမ်း အမှတ်(၁)မှ အင်ကြင်းပန်းအဝိုင်းမှတဆင့် ရာဇဌာနီလမ်းမှ ဇေယျအောင်မြေလမ်းအတိုင်း ဝဏ္ဏသိဒ္ဓိအဝိုင်း တို့မှတဆင့် ပျဉ်းမနား၊ တောင်ညိုလမ်းသို့ ပန်းဝင်စေခဲ့ပါသည်။ပြိုင်ပွဲတွင် ဟောင်ကောင်နိုင်ငံ အားကစားသမားမှစံချိန် (၁)နာရီ (၅၉)မိနစ် (၄ဝ)စက္ကန့်ဖြင့် ပထမဆုကိုလည်းကောင်း၊ ဂျပန်နိုင်ငံ အားကစားသမားမှ စံချိန် (၁)နာရီ (၅၉)မိနစ် (၄ဝ)စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ကာဇက်စတန်နိုင်ငံအားကစားသမားမှ စံချိန် (၁)နာရီ (၅၉)မိနစ် (၄ဝ)စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားပါသည်။

ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပြုလုပ်ရာ ဆုရရှိသောနိုင်ငံများအား အားကစားနှင့်ကာယပညာဦးစီးဌာနတာဝန်ရှိသူများ၊ အာရှစက်ဘီးအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး Mr.Onkar Singh? မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌဦးခင်မောင်ဝင်း၊ ဂျော်ဒန်နိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ Dr. Kalar?  Techanical Delegate မစ္စတာဟာရာရီ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

၂ဝ၁၈ခုနှစ်၊ အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲသို့ အိမ်ရှင်မြန်မာ အပါအဝင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမေ္ပာဒီးယား၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ အီရန်၊ U.A.E ၊ ဘာရိန်း၊ မွန်ဂိုလီးယား၊ ဂျော်ဒန်၊ တာဂျစ်စတန်၊ ကာဇက်စတန်၊ မကာအို နှင့်ဆီးရီးယားနိုင်ငံ တို့မှ စုစုပေါင်းပြိုင်ပွဲဝင်ကစားသမား (၄၁၅) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲများကို (၈.၂.၂ဝ၁၈) မှ (၁၂.၂.၂ဝ၁၈) နေ့အထိ ဝဏ္ဏသိဒ္ဓိစက်ဘီးကွင်းတွင် နေ့စဉ်နံနက် (၈)နာရီအချိန်မှ စတင်တာလွတ်ကစားမည်ဖြစ်ပါသဖြင့် စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှု့နိုင်ကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%90%E1%80%AC%E1%80%9D%E1%80%B1%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%99%E1%80%9E%E1%80%94%E1%80%BA%E1%80%85%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%94%E1%80%B1%E1%80%B7-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95