spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၀ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၀)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ (၂)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင်  ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၇)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

(၂၁.၂.၂၀၂၀)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေး ကွင်း(၁)တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ပဲခူး အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိ သည်။           


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2