spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တာချီလိတ်မြို့နယ် အားကစား၊ ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော် ကျင်းပ

တာချီလိတ်မြို့နယ် အားကစား၊ ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော် ကျင်းပ

 

တာချီလိတ်  ၂၃    ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစား၊ ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော်အား တာချီလိတ်မြို့ တာလော့ရပ်ကွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁) ထိပ်မှစတင်၍ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၆ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စက်ဘီးစီးပွဲတော်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်၍ လစဉ် နောက်ဆုံးအပတ်၏ တနဂ်နွေနေ့များတွင် စုပေါင်းစက်ဘီးစီးနင်းခဲ့ကြရာ စက်ဘီးစီးဝါသနာရှင်များက စီးနင်းခဲ့ကြသည်။

လူထုစက်ဘီးစီးပွဲတော်ကျင်းပြေးခြင်းဖြင့် "စက်ဘီးစီးက သက်လုံလည်းကောင်း အညောင်းလဲပြေ မိတ်ဆွေလဲရ ကျန်းမာရ၏" စသော ဆောင်ပုဒ်များဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မြို့တစ်ပတ်စီးနင်းပြီး အမှတ်(၂)နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီးရှိ မြို့မအားကစားကွင်းတွင် စုပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစားခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AC%E1%80%81%E1%80%BB%E1%80%AE%E1%80%9C%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%8A-%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-mtb-tachileik-%E1%80%90%E1%80%AD%E1%80%AF%E1%80%B7-%E1%80%95%E1%80%B0%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%81%8D