spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 

ပြင်ဦးလွင်   ၂၃  ဖေဖော်ဝါရီ  

၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့  အနီးစခန်း  ရွှေထိပ်တန်း ဖူဆယ်ဘောလုံးကွင်း၌  ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့  လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့သည်။

 

အဆိုပါ  ၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား  အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ မှစတင်ပြီး  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်းတို့ဖြင့်  ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ   ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ပြိုင်ပွဲဝင်အသင်းတို့အား တာဝန်ရှိသူများမှ ဆုတံဆိပ်များ၊  ဂုဏ်ပြုငွေများ၊ ဆုဖလားများကို အသီးသီးချီးမြှင့်ခဲ့သည်။

 

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းကြောင့် ရပ်ကွက်/ကျေးရွာအတွင်းမှာ တိမ်မြုပ်နေသော အားကစားသမား ကောင်းများကို ရှာဖွေတွေ့ရှိနိုင်သဖြင့် မိမိတို့မြို့နယ်အနေဖြင့် ဘောလုံးအားကစား အဆင့်မြှင့်တင်နိုင်မည်ကို ယုံကြည်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။  

 

ဇော်မျိုးထိုက်(ပြင်ဦးလွင်)


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8B%E1%80%B9%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8