spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၄၂)ကြိမ်​မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

(၄၂)ကြိမ်​မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂၅)ရက်။     

၂၀၂၀ပြည့်နှစ်၊ (၄၂)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံ အားကစားကစားခန်းမ၌ ကျင်းပရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲကို ကျင်းပရခြင်းမှာ မြန်မာ့ရိုးရာခြင်းလုံးကစားခြင်းကို ပြည်သူလူထုအတွင်း တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်တိုးတက်လာစေပြီး '' ခြင်းလုံးအစ မြန်မာက'' ဆိုတဲ့ အယူအဆကို ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်လာစေ ရေးတို့အတွက် ရည်ရွယ်၍ မြန်မာ့ရိုးရာခြင်းလုံးခတ်် ပြိုင်ပွဲကို ဖွင့်ပွဲအခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်လေးချက် ရွတ်ဆိုကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများအား အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နာယက ဦးစိုးတင့်နှင့် အဖွဲ့ချုပ် ဥက္ကဌ ဦးသက်လွင်တို့မှ အားကစား သမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကဦးစိုးတင့်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးသက်လွင်နှင့် ဒုတိယဥက္ကဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရိုးရာခြင်းလုံး အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်း(၁၁)သင်းမှ အားကစားသမားစုစုပေါင်း (၈၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံခန်းမ၌ နေ့စဉ် နံနက်(၉)နာရီတွင် ပြိုင်ပွဲများယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို အခမဲ့ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%84%E1%81%82%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E2%80%8B%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95