spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၈)ရက်။     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းမှ (၂)ဂိုး ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့သည်။

(၂၉.၂.၂၀၂၀)ရက်နေ့တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး (၁.၃.၂၀၂၀)ရက်နေ့တွင် ဆီးမီးဖိုင်နယ်ပွဲစဉ်များအဖြစ် မနက်(၇)နာရီ (၃၀)မိနစ်အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ညနေ(၃)နာရီအချိန်တွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။    


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-4