spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ပြည့်နှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနား(ရန်ကုန်)ကျင်းပ

၂၀၂၀ပြည့်နှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနား(ရန်ကုန်)ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂၉)ရက်။              

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့်မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပူးပေါင်း၍ နွေရာသီကျောင်း ပိတ်ရက်များမှာ နွေရာသီအခြေခံအားကစားသင်တန်းများကို နှစ်စဉ်နှစ်တိုင်းဖွင့်လှစ်ပေးလျက်ရှိပြီး လူငယ်လူရွယ် များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အားကစားလေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသော နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊  တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်များဖြင့်  ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ၂၀၂၀ပြည့်နှစ် နွေရာသီ အခြေခံအားကစားသင်တန်းများအား ဖွင့်လှစ်ပေးခဲ့ရာ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့်အတွင်းရေးမှူးများ၊ နွေရာသီသင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီအားလပ်ရက်များတွင် လူငယ်လူရွယ်များအနေ ဖြင့် အားကစားသင်တန်းများ တက်ရောက်ပြီး အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက် သစ်အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်အဆင့်အထိ အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားစည်းရုံးဆောင်ရွက်ရန် (Mass Sports) ကို ဦးစားပေးဆောင်ရွက်နေပါကြောင်း ထိုသို့ဆောင်ရွက်နိုင်မှသာ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား၍ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ မွေးထုတ်ပေးရေး (Excellent Sports) ကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ နွေရာသီအားကစား သင်တန်းများကို တက်ရောက်သင်ကြားကြမယ့်လူငယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားအဖွဲ့ချုပ် များက ကျွမ်းကျင်စွာလေ့ကျင့်သင်ကြားပေးမှာဖြစ်တဲ့အတွက် မိမိတို့သင်ကြား တဲ့ အားကစားနည်းများအလိုက် ထူးချွန်တဲ့ မျိုးဆက်သစ်များဖြစ်လာအောင် ကြိုးစား သင်ကြားကြစေလိုပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ရောဂါကြိုတင်ကာကွယ်ရေး၊ သက်တမ်းရှိစွာနေထိုင်ရေးတို့အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် လိုအပ်ပါ ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ နေ့စဉ်ပုံမှန်လုပ်ဆောင်မှုမရှိလျင် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးမှု တဖြေးဖြေး နောက်ကျ ကျန်ခဲ့ပြီး အနာဂတ် အတွက် ဗလငါးတန်နှင့်ပြည့်စုံတဲ့ မျိုးဆက်သစ်ရှားပါးလာမှုကို ကြုံတွေ့ရမှာဖြစ်တဲ့အတွက် ကိုယ်လက်လှုပ်ရှားအားကစားလိုက်စားကြပါလို့ တိုက်တွန်းပြောကြားရင်း ၂၀၂၀ပြည့်နှစ် နွေရာသီအခြေခံ အားကစားသင်တန်းကိုဖွင့်လှစ်ပေး လိုက်သည်။

ဆက်လက်၍ နွေရာသီအားကစားသင်တန်းသား/သင်တန်းသူများမှ အားကစားသစ္စာ အဓိဌာန် (၄)ချက်ရွတ်ဆိုပြီးနောက်  အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး တိုက်ကွမ်ဒို၊  FitnessDance ၊ ဝူရှူးဖြင့် သရုပ်ပြသခဲ့ကြသည်။

ယခုနှစ်နွေရာသီအခြေခံ အားကစားသင်တန်းကို အားကစားနည်း(၂၈)မျိုးဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီး၏သတ်မှတ်ထားသော အားကစားလေ့ကျင့်ရေးစခန်းများတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95