spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ(၂၉)ရက်။              

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက ရန်ကုန်မြို့ တာမေွမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီး ဌာန ရုံးရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစား အဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများ၊ အမှုဆောင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးမြင့်မှဆွေးနွေးတင်ပြရာတွင် မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်အား ၁၉၈၉ခုနှစ်မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီအောက်ရှိ အားကစားနည်းအဖွဲ့ချုပ်အနေဖြင့်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ၂၀၀၂ပြည့်နှစ် (IPC)၏ ဖွဲ့စည်းပုံရေးဆွဲအတည်ပြုပြီးသည့်နောက် (Myanmar Disabled Sports Federation) အဖွဲ့ချုပ်အား မြန်မာနိုင်ငံပါရာလန်ပစ် အားကစားအဖွဲ့ချုပ် (Myanmar Paralympic Sports Federation )ဟု အမည်ပြောင်းလဲခဲ့ရာ အင်္ဂလိပ်ဘာသာဖြင့် အမည်ပြောင်းလဲခဲ့သော်လည်း မြန်မာဘာသာဖြင့် မပြောင်းလဲဘဲ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဟုသာ ဆက်လက်သုံးစွဲကာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ကွပ်ကဲမှုအောက်တွင်သာ ဆက်လက်တည်ရှိခဲ့ပါကြောင်း၊ ထိုသို့ တည်ရှိခဲ့ရခြင်းမှာလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ကမ္ဘာ့အဆင့်မသန်စွမ်း အားကစားအဖွဲ့အစည်းများသည် တိုးတက်ပေါ်ပေါက်လာခြင်းမရှိသေး၍လည်းကောင်း၊ ပြည်တွင် မသန်စွမ်းအားကစားနည်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများလည်း နည်းပါးနေသဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအားကစားအဖွဲ့ချုပ်သည်လည်း ဖွဲ့စည်းတည်ဆောက်ဆဲကာလဖြစ်၍လည်းကောင်း၊ ယခုအခါတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းအားကစားကော်မတီသည်လည်း ဖွဲ့စည်းဆောင်ရွက်မှုများ ပီပြင်လာသည့်အပြင် မသန်စွမ်းအားကစားနည်းအလိုက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအားကစားအဖွဲ့ချုပ်များ မသန်စွမ်းမှုအလိုက် အားကစားအဖွဲ့အစည်းများ ဖြစ်ထွန်းပေါ် ပေါက်လာပြီဖြစ်၍ မသန်စွမ်းမှုအလိုက် မသန်စွမ်းအားကစားအဖွဲ့ချုပ်များဖွဲ့စည်းခြင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအားကစားအဖွဲ့အစည်း၏ ချမှတ်စံဖွဲ့စည်းပုံများ၊ မြန်မာနိုင်ငံ ပါရာလံပစ်ကော်မတီ (Myanmar Paralympic Committee)  ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် မသန်စွမ်းအားကစားကော်မတီများ ဖွဲ့စည်းခြင်း၊ မသန်စွမ်းအားကစားရေးရာဌာနခွဲဖွဲ့စည်းခြင်း၊ မသန်စွမ်းအားကစားရေရှည်စီမံချက် ရေးဆွဲခြင်း၊ အားကစားနည်းအလိုက် ရေရှည်စီမံချက်နှင့် အရည်အသွေးရှိ အားကစားသမားများ  ရှာဖွေရေး၊ ၂၀၂၀-၂၀၂၄  နှစ်တိုစီမံချက် နှင့် လတ်တလောဆောင်ရွက်ရန်၊ မသန်စွမ်းအားကစားလေ့ကျင့်ရေးစင်တာများဖွင့်လှစ်ခြင်းနှင့် မသန်စွမ်း အားကစားအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခြင်း၊ မသန်စွမ်းအားကစားအထောက်အကူပြု ကရိယာနှင့် အားကစားပစ္စည်းများဖြည့်တင်းခြင်း၊ နှစ်စဉ်ကျင်းပပြုလုပ်မည့် ပြည်တွင်းမသန်စွမ်း အားကစားပြိုင်ပွဲများ၊ မသန်စွမ်းအားကစားနည်းနှင့် ပညာရေးပေါင်းစပ်မှု ၊ မသန်စွမ်းသူများ အားကစားလေ့ကျင့်ရေးနှင့်အတူ အသက်မွေးဝမ်းကြောင်းပညာသင်ကြားရေး၊ နိုင်ငံ့အဆင့် ရွှေတံဆိပ်ရ (အနိမ့်ဆုံး အာဆီယံ) အားကစားသမားများ၏ အလုပ်အကိုင်ခန့်ထားရေးနှင့် ထောက်ပံ့ရေး၊ အားကစားနည်းအလိုက် အားကစားကလပ်များဖွဲ့စည်းခြင်း၊ ရန်ပုံငွေတိုးတက်ရရှိရေးစသည့်များ ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့်တာဝန်ရှိပုဂ္ဂိုလ်များက အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8