spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ အားကစားကွင်း၊ အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ အားကစားကွင်း၊ အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ မတ်လ (၃၀)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် (၂၇.၃.၂၀၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်မှ စတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်၊ စဉ်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်အားကစားကွင်းအားကစားရုံများသို့လည်းကောင်း၊

၂၈.၃.၂၀၂၀ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်မှစတင်၍ စစ်ကိုင်း‌တိုင်းဒေသကြီး ရွှေဘိုခရိုင်မြို့နယ်၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့ ပွဲကြည့်စင်တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် အားကစားကွင်း ၊အားကစားရုံများသို့လည်းကောင်း၊
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရုံးရှေ့ လမ်းခင်းမှု၊ ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်မြေနေရာတို့အားလည်းကောင်း၊

(၂၉.၃.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါန်းစွန်မြို့နယ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရုံအတွင်းရှိ ခိုပေါက်များအားပိတ်ရန်၊ အဝီစိတွင်းတူးနေမှုပြီးစီးရန်နှင့် ဝန်ထမ်းအိမ်ယာများသို့လည်းကောင်း

 

နံနက် (၈:၃၀)အချိန်တွင် တံတားဦးမြို့နယ်ရှိ အားကစားကွင်း၊ အားကစားရုံများ၊ အားကစားကွင်းအတွင်း ဂါလံ (၁၀၀၀၀)ဆံ့ မြေအောက်ရေကန်တည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ပွဲကြည့်စင်တည်ဆောက်နေမှုများသို့လည်းကောင်း

နေ့လယ် (၁၂)ခွဲအချိန်တွင်  မြင်းခြံမြို့နယ်ရှိ အားကစားကွင်း၊ အားကစားရုံများအားလည်းကောင်း၊

ကျောက်ပန်းတောင်းမြို့နယ်ရှိ အားကစားကွင်း၊ အားကစားရုံများ၊ Inner Fency အားမူလအတိုင်းပြင်ဆင်ရန်၊ ပွဲကြည့်စင် (၂)ခုအား မီးသွယ်တန်းရန်၊ ဝန်ထမ်းအိမ်ယာများအားပြုပြင်ရန်နှင့်

 

ညနေ (၅:၄၅)အချိန်တွင် မိတ္ထီလာခရိုင်ရှိ အားကစားကွင်း၊ အားကစားရုံများ စသည်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94