spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကချင်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ထားရှိမှု

ကချင်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ထားရှိမှု

 
၂၀၂၀ ပြည့်နှစ်၊ မေလ
 
မြန်မာနိုင်ငံတွင် Covid 19 ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအောင်မြင်စွာ ကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံအဆောက်အဦးများအားအသုံးပြုပြီး ကူညီဆောင်ရွက်နေမှု့မှတ်တမ်းများမှကချင်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနအတွင်းရှိ ခရိုင်၊မြို့နယ် အားကစားကွင်း/အားကစားရုံများတွင် Covid 19 ကာကွယ်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်းများတွင်ဈေးများ ဖွင့်လှစ်ထားရှိခြင်း(မိုးညှင်း၊ရွှေကူ)၊ ပင်စင်စားများ ပင်စင်လစာရရှိနိုင်ရေးအတွက် ဘဏ်များဖွင့်လှစ်ထားရှိခြင်း(ဝိုင်းမော်)၊ (Quarantine Center)များတွင် ကချင်ပြည်နယ်၊ခရိုင်၊မြို့နယ် အစီအစဉ်ဖြင့် Physical Fitness Dance အကများ သွားရောက် ဖျော်ဖြေခြင်း(မြစ်ကြီးနား၊မိုးညှင်း)၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများ Covid 19 ကာကွယ်ရေးအတွက် ဒေသခံတာဝန်ရှိသူ၊ အာဏာပိုင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း(ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်၊ရွှေကူ၊မန်စီ)နှင့် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-covid-19-%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%81%8A