spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ထားရှိမှု

ကရင်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ထားရှိမှု

၂၀၂၀ ပြည့်နှစ်၊ မေလ
 
မြန်မာနိုင်ငံတွင် Covid 19 ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံအဆောက်အဦးများအား အသုံးပြုပြီး ကူညီဆောင်ရွက်နေမှု့မှတ်တမ်းများမှ ကရင်ပြည်နယ်၊အားကစားနှင့်ကာယပညာဦးစီးဌာနအတွင်းရှိ ခရိုင်၊မြို့နယ် အားကစားကွင်း/အားကစားရုံများတွင် Covid 19 ကာကွယ်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်းများအားဈေးများ ဖွင့်လှစ်ထားရှိခြင်း(မြဝတီ)၊ (Quarantine) ကျား(၅၈)၊မ(၆၃) စုစုပေါင်း (၁၂၁)ဦး (၂၅.၃.၂၀၂၀)ရက်နေ့ ခေတ္တ ထားရှိနေမှု့(မြဝတီ) ပြည်နယ်အတွင်းရှိ ပြည်သူများအား ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ သိုလှောင်ထားရှိမှု့အခြေအနေ(မြဝတီ)၊ ပင်စင်စားများ ပင်စင်လစာရရှိနိုင်ရေးအတွက် ဘဏ်များဖွင့်လှစ်ထားရှိခြင်း(ဘားအံ)၊ပြည်တော်ပြန်များအား (Quarantine)ထားရှိရန်ပြင်ဆင်ထားရှိမှု့(ဘားအံ)၊ ပြည်တော်ပြန်(၂၅၇)ဦးအား (Quarantine)ထားရှိမှု့ (၂၅.၃.၂၀၂၀)ရက်နေ့မှ(၂၆.၃.၂၀၂၀)အထိ လည်းကောင်းတို့အား ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်မှ ထောက်ပံ့ပစ္စည်းပေးအပ်နေမှု့ (ဘားအံ)၊ ပြည်တော်ပြန်များအား ခေတ္တ Quarantine ထားရှိနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများမှ သန့်ရှင်းရေးပြုလုပ်ပေးနေမှု့၊ ကရင်ပြည်နယ်ရှိ တပ်မတော်သားများမှ ပိုးသတ်ဆေးများလိုက်လံဖြန်းပေးနေမှု့(ဘားအံ)၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
 
 
 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-covid-19-%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%81%8A