spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မွန်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ထားရှိမှု

မွန်ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Covid 19 ကာကွယ်ရေး၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ထားရှိမှု

၂၀၂၀ ပြည့်နှစ်၊ မေလ
 
မြန်မာနိုင်ငံတွင် Covid 19 ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံအဆောက်အဦးများအား အသုံးပြုပြီး ကူညီဆောင်ရွက်နေမှု့မှတ်တမ်းများမှ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနအတွင်းရှိ အားကစားကွင်း/အားကစားရုံများအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်နှင့် တာဝန်ရှိသူများပါဝင်သည့် အဖွဲ့အစည်းများဖြင့် ယာယီပြန့်ကျစျေးဖွင့်လှစ်နေမှု၊ covid_19 ရောဂါမပြန့်ပွားရေးနှင့် ကာကွယ်ထိန်းသိမ်းကုသရေး လုပ်ငန်းစဉ်နှင့်ပတ်သတ်၍ Quarantine(စောင့်ကြပ်ကြည့်ရှုသူများ)ထားရှိမှု အခြေအနေများအတွက် မွန်ပြည်နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားကွင်း အားကစားရုံ အဆောက်အဦးများ အသုံးပြုမှုနှင့် မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံမြို့နယ်များတွင် ဒေသအာဏာပိုင်များနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ၊ ကျိုက်ထိုမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအတွင်း အားကစားကွင်း/အားကစားရုံများတွင် (၃၁.၃.၂၀၂၀)ရက်နေ့မှ(၃၀.၄.၂၀၂၀)ရက်နေ့အထိ (Quarantine) ကျား(၁၃)ဦး၊မ(၉)ဦး စုစုပေါင်း (၂၂)ဦး ဝင်ရောက်ခဲ့ကြပြီး၊ ပြည်တော်ပြန် Quarantine (၅၀)ဦး ထားရှိရန် (၁.၅.၂၀၂၀)ရက်နေ့မှ စတင်၍ စီစဉ်ဆောင်ရွက်လျက်ကြောင်း သိရှိရသည်။
 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-covid-19-%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%81%8A