မြန်မာနိုင်ငံတွင် Covid 19 ရောဂါ မပြန့်ပွှား၊ကာကွယ်၊ထိန်းချုပ်နိုင်ရေး၊ကုသရေး၊လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံအဆောက်အဦးများအား အသုံးပြုပြီး ကူညီဆောင်ရွက်နေမှု့မှတ်တမ်းများမှ စစ်ကိုင်းတိုင်းဒေသကြီး၊အားကစားနှင့်ကာယပညာဦးစီးဌာနအတွင်းရှိ အားကစားကွင်းနှင့်အားကစားရုံများတွင် Covid 19 ကာကွယ်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်းများတွင် ယာယီဈေးများ ဖွင့်လှစ်ထားရှိခြင်း(ဟုန်းမလင်း၊ ကလေးဝ၊ ကသာ၊ ဘုတလင်၊ ကောလင်း၊ ဝက်လက်၊ ချောင်းဦး၊ တမူး၊ ရွှေဘို၊ ဗန်းမောက်၊ ဒီပဲယင်း၊ မြင်းမူ၊ ခန္တီး၊ ပုလဲ၊ မင်းကင်း၊ ကနီ၊ ကလေး)၊ Quarantine Centerများတွင် စစ်ကိုင်းတိုင်းဒေသကြီးမြို့နယ် အစီအစဉ်ဖြင့် Physical Fitness Dance အကများ သွားရောက် ဖျော်ဖြေခြင်း(ဝင်းသို၊အင်းတော်)၊ (Quarantine)လူဦးရေ(၉၄)ဦးနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီးလက်တလောတွင် (Quarantine)ဝင်ရောက်သူ (၁)ဦး နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်၊မြို့နယ် အားကစားနှင့်ကာယပညာဝန်ထမ်းများ Covid 19 ကာကွယ်ရေးအတွက် ဒေသခံတာဝန်ရှိသူများ၊အာဏာပိုင်များ၊ volunteer များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
