၂။ ထို့သို့နိုင်ငံဂုဏ်ဆောင်ခဲ့သော အဖွဲ့ချုပ်များအလိုက် မြန်မာ့လက်ရွေးစင်အားကစားသမားများ နှင့်အုပ်ချုပ်/နည်းပြအဖွဲ့များအား နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် ဂုဏ်ပြု ဆုကြေးငွေများအား စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် နေပြည်တော်ရှိဆုရ(ဝန်ထမ်း) အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား (၁၈.၅.၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာဌာနခွဲများ အလိုက်လည်းကောင်း၊ ရန်ကုန်မြို့ရှိဆုရ (ဝန်ထမ်း/ပြင်ပ) အားကစား သမားများ နှင့် အုပ်ချုပ် /နည်းပြများအား ရန်ကုန် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)တွင် (၂၀.၅.၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ရောက်ရှိနေသော အားကစားသမားများနှင့်အုပ်ချုပ်/နည်းပြများအား သက်ဆိုင်ရာ အဖွဲ့ချုပ်များ ၏အစီအစဉ်ဖြင့် လည်းကောင်းထုတ်ဝေပေးသွားမည်ဖြစ်ပါသည်။
၄။ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများမှာ -
ရွှေတစ်ဦးချင်း - ၁၅၀ သိန်း
ရွှေအသင်းလိုက်(တစ်ဦးလျှင်) - ၁၀၀ သိန်း
ငွေတစ်ဦးချင်း - ၇၅ သိန်း
ငွေအသင်းလိုက်(တစ်ဦးလျှင်) - ၅၀ သိန်း
ကြေးတစ်ဦးချင်း - ၅၀ သိန်း
ကြေးအသင်းလိုက်(တစ်ဦးလျှင်) - ၃၀ သိန်း
ရွှေ (နည်းပြ)အဖွဲ့ - ၅၀ သိန်း
ငွေ (နည်းပြ)အဖွဲ့ - ၃၀ သိန်း
ကြေး (နည်းပြ)အဖွဲ့ - ၂၀ သိန်း
ရွှေ (အုပ်ချုပ်သူ)အဖွဲ့ - ၃၀ သိန်း
ငွေ (အုပ်ချုပ်သူ)အဖွဲ့ - ၂၀ သိန်း
ကြေး (အုပ်ချုပ်သူ)အဖွဲ့ - ၁၀ သိန်း
အုပ်ချုပ်/နည်းပြများအတွက် အမြင့်ဆုံးရရှိသည့် ဆုတံဆိပ်အတွက် ဆုကြေးနှုန်းထားအတိုင်း ချီးမြင့်ပါသည်။