နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွ့ဲချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၈ခုနှစ်၊(၆၃)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၇းဝဝ)နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ အမျိုးသမီး (၂ဝ)ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ သန်းသန်းစိုး (ကျန်း/အား) မှ (၁)နာရီ (၅၁) မိနစ် (၃၆)စက္ကန့်ဖြင့် ပထမ၊ သီသီအောင် (ကာကွယ်ရေး) မှ (၁)နာရီ (၅၂) မိနစ် (၃၉) စက္ကန့်ဖြင့် ဒုတိယ၊ ခင်ဇာဦး (ကာကွယ်ရေး) မှ(၂)နာရီ (ဝ၁) မိနစ် (၃၂) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပြည့်ဖြိုးထွန်း (စည်ပင်) မှ (၁)နာရီ (၄၃) မိနစ် (၁၉) စက္ကန့်ဖြင့် ပထမ၊ ထွန်းညွန့်ဆွေ (ကာကွယ်ရေး) မှ (၁)နာရီ (၅၃) မိနစ် (၄၃) စက္ကန့်ဖြင့် ဒုတိယ၊ အောင်အောင် (ကာကွယ်ရေး) မှ (၁)နာရီ (၅၅) မိနစ် (၁၁) စက္ကန့်ဖြင့် တတိယဆုကို လည်းကောင်းအသီးသီးရရှိသွားသည်။
အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ဂျေမီလီအေး (ဆောက်လုပ်ရေး) မှ (၁ဝ.၉၉)မီတာ ဖြင့် ပထမ၊ ခင်နှင်းသန့် (စိုက်/ဆည်) မှ (၁ဝ.၆၃)မီတာဖြင့် ဒုတိယ၊ အေးချမ်းဗိုလ် (ဆောက်လုပ်ရေး) မှ (၁ဝ.၂၆)မီတာဖြင့် တတိယ၊ အမျိုးုသားပြိုင်ပွဲတွင် ရဲထက်အောင် (စည်ပင်) မှ (၁၁.၈၈)မီတာဖြင့် ပထမ၊ သိန်းဇော်မျိုး (ဆောက်လုပ်ရေး) မှ (၁၁.၈၈)မီတာ ဖြင့် ဒုတိယ၊ ထက်နေလင်း (ကျန်း/အား)မှ (၁၁.၅၈)ဖြင့် တတိယဆုကိုလည်းကောင်း
အမျိုးုသမီး သုံးဆင့်ခုန်ပြိုင်ပွဲတွင် အေးအေးသန်း (ပြည်ထဲရေး) မှ (၁၁.၅ဝ)မီတာ ဖြင့် ပထမ၊ ဖရန်စ္စစတာ (ကာကွယ်ရေး) မှ (၁၁.၁၇)မီတာဖြင့် ဒုတိယ၊ မြတ်သဥ္ဇာဝင်း (ကာကွယ်ရေး) မှ (၁၁.ဝ၇)မီတာဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသမီး မီတာ (၃ဝဝဝ) တားဆီးကျော်ပြေး ပြိုင်ပွဲတွင် နှင်းယုစိုး (ကာကွယ်ရေး) မှ (၁၁)မိနစ် (၅၃.၉၈)စက္ကန့်ဖြင့် ပထမ၊ ထားသဥ္ဇာအေး (ဆောက်လုပ်ရေး) မှ (၁၂)မိနစ် (၁ဝ.၆၉)စက္ကန့်ဖြင့် ဒုတိယ၊ မြင့်မြင့်အေး (ကာကွယ်ရေး) မှ (၁၂)မိနစ် (၃ဝ.၁၃)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ထွေးဆွေ (စိုက်/ဆည်) မှ (၁ဝ)မိနစ် (ဝ၃)စက္ကန့်ဖြင့် ပထမ၊ စောပြည့်စုံနေ (ပြည်ထဲရေး) မှ (၁ဝ)မိနစ် (၇.၅၈)စက္ကန့်ဖြင့် ဒုတိယ၊ သောင်းအေး မှ (၁ဝ)မိနစ် (၈.၉ဝ)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊
အမျိုးသား တန်းမြင့်ခုန် ပြိုင်ပွဲတွင် အောင်ဇော်မင်း (စည်ပင်) မှ (၁.၉ဝ)မီတာဖြင့် ပထမ၊ ထင်လင်း (သဘာဝ) မှ (၁.၉ဝ)မီတာဖြင့် ဒုတိယ၊ နိုင်လင်းအောင် (ကာကွယ်ရေး) မှ (၁.၇၅)မီတာဖြင့် တတိယ၊
အမျိုးသားအသင်းလိုက် မီတာ (၁ဝဝထ၄) လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန အသင်းမှ (၄၃.ဝ၆)စက္ကန့်ဖြင့် ပထမ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ (၄၄.၁၈)စက္ကန့်ဖြင့် ဒုတိယ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ (၄၄.၆၂) စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၅ဝ.၆၈)စက္ကန့်ဖြင့် ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ (၅၁.၅၈)စက္ကန့်ဖြင့် ဒုတိယ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းမှ (၅၃.၈၅)စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ညွန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ နည်းပြအုပ်ချုပ်သူများ လာရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများကို ချီးမြှင့်ခဲ့ကြ ပါသည်။
အဆိုပါ ၂ဝ၁၈ခုနှစ်၊ (၆၃)ကြိမ်မြောက်အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နံနက် (၇းဝဝ)နာရီအချိန်မှစတင်၍ ဆက်လက်ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။