spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > လူငယ်ကစားသမားများ ထွက်ပေါ်လာရန်အတွက် လူငယ်ပြိုင်ပွဲများ တိုးမြင့်ကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်

လူငယ်ကစားသမားများ ထွက်ပေါ်လာရန်အတွက် လူငယ်ပြိုင်ပွဲများ တိုးမြင့်ကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်

ရန်ကုန် ၂၀ ဇွန်

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန်အတွက် လူငယ်ပြိုင်ပွဲများ တိုးမြင့်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်းများ ပါဝင်သည့် ယူ-၁၄ လိဂ်ပြိုင်ပွဲ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲများကို အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးရေးအတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ လူငယ်ပြိုင်ပွဲများကျင်းပရေးနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများ ကျင်းပရေးကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် မြန်မာနေရှင်နယ်လိဂ် COO ဦးအောင်နိုင်ဦး၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ခံများ တက်ရောက်ခဲ့သည်။ 

 

ယင်းအစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၌ အာရှအဆင့် အမျိုးသမီးလူငယ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်၊ ယူ-၁၂၊ ယူ-၁၃ နှင့် ယူ-၁၄ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများ ကျင်းပရန်ဆွေးနွေးခဲ့ပြီး ယူ-၁၄ လိဂ်ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြီးပါက စတင်ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%91%E1%80%BD%E1%80%80%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%BA%E1%80%9C%E1%80%AC%E1%80%9B%E1%80%94%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9B%E1%80%94%E1%80%BA