spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ၏ EIM National Director ဒေါက်တာရဲတင့်လွင်တို့ စတုတ္ထအကြိမ်မြောက် EIM Asia Regional Meeting တက်ရောက်

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ၏ EIM National Director ဒေါက်တာရဲတင့်လွင်တို့ စတုတ္ထအကြိမ်မြောက် EIM Asia Regional Meeting တက်ရောက်

EIM Asia Regional Meeting (Virtual) ကို (၁၁.၇.၂၀၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၇:၃၀) မှ (၁၀:၃၀) အထိ Videoconferencing ဖြင့် အဝေးရောက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံ၏ EIM National Director ဒေါက်တာရဲတင့်လွင်တို့ တက်ရောက်ခဲ့ကြပါသည်။

ယခုအစည်းအဝေးသည် စတုတ္ထအကြိမ်မြောက် EIM Asia Regional Meeting ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။ အစည်းအဝေးသို့ Exercise is Medicine (ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး) ၏ အာရှဒေသတွင်း အဖွဲ့ဝင် (၁၁) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး EIM Global Center မှ Program Director, Mr. Mark Stoutenberg နှင့် EIM Singapore National Center မှ Director, Dr. Benedict Tan တို့မှ ဦးဆောင်၍ EIM မလေးရှား၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များမှ မိမိနိုင်ငံအသီးသီး၏ EIM National Center နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%9C%E1%80%B1%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F-eim