spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၃၀)ရက်။           

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒိ္ဓအားကစားကွင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး Tan Shufu (Economic & Commercial Counsellor) တို့တက်ရောက် လက်မှတ်ရေးထိုးကြသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး လှူဒါန်းရန်ပစ္စည်းများမှာ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲသုံး တစ်ယောက်လှော်၊ နှစ်ယောက်လှော်၊ လေးယောက်လှော်၊ ရှစ်ယောက်လှော်လှေ၊ လှော်တက်နှင့်ဆက်စပ်ပစ္စည်းများလှူဒါန်းရန် သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BE-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%9C%E1%80%BE%E1%80%B0%E1%80%92%E1%80%AB%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%B1%E1%80%B8%E1%80%A1%E1%80%95%E1%80%BA%E1%80%9B%E1%80%94%E1%80%BA